စာပြေး

သပြေပင်ကျေးရွာ စုစည်းရာမှ ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါသည်

Tuesday, March 5, 2013

ငယ်ဘ၀နဲ့ ကျနော့်ပညာ


         လက်ပံအေးရွာသူဖြစ်သော ကျနော့် အမေနှင့် သပြေပင်ရွာသား ကျနော့အဖေ အကြောင်းဆက်င်္ပြီး  ပေါင်းဖက်ကြသောအခါ  ယောင်နောက်ဆံထုံးပါ  ဆိုသည့် ဆိုရိုးစကားနှင့် အညီ ကျနော့ အမေသည်လည်း လင့်မျက်နှာ တရွာအဖြစ်နှင့် ကျနော့အဖေ့ရွာသပြေပင်သို့ လိုက်ပါနေထိုင်လာကြရင်း ကျနော့်ကို သပြေပင် ရွာလေးမှာမွေးဖွါးခဲ့ပါသည်။ ဒီတော့ သပြေပင်ရွာဆိုတာ ကျနော့်မွေးမြေ ကျနော့် ဇာတိဖြစ်ခဲ့ရပါသည်။ ကျနော့်ကိုမွေးဖွါးပြီး တနှစ်ခန့်အကြာမှာတော့ ကျနော်တို့ မိသားစုသည် အမေ့ရွာဖြစ်သော လက်ပံအေးရွာသို့ ပြောင်းရွှေ့နေထိုင်လာခဲ့ကြပါသည်။ လက်ပံအေးရွာဆိုတာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် အနောက်တောင်ဖျားမှ ရွာကြီးတစ်ရွာဖြစ်ပါသည်။ ကျနော့် အဖေရွာဖြစ်သော သပြေပင်ရွာကတော့ မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်မြောက်ဖျားမှ အိမ်ခြေ ၅၀ ခန့်သာရှိသောရွာငယ်လေး တစ်ရွာဖြစ်ပါတယ်..။လက်ပံအေးရွာနဲ့ သပြေပင်ရွာဟာ အခေါ်ဝေါ်အားဖြင့် ခြားနားနေပေမယ့် ခရီးအကွာအဝေးအနေနဲ့ကြည့်မယ်ဆိုပါက လက်ပံအေးရွာသည် သပြေပင်ရွာ မြောက်ဖက် ၅  ဖါလုံခန့်သာ ဝေးကွာပါလိမ့်မည်။  ကျနော့်အတွက် ပ၀တ္တိ  အရပ်ဖြစ်သောလက်ပံအေးရွာသည် ကျနော့်ဇာတိမြေဖြစ်သော သပြေပင်ရွာနှင့်မဝေးကွာသည်ကတစ်ကြောင်း ကျနော့်အမေနှင့် ဆွေမျိုးများရဲ့ ဇာတိမြေ ဖြစ်တာတို့ကြောင့်ကျနော့်အဖို့တော့ လက်ပံအေးရွာဟာလည်း ကိုယ့်ဇာတိမြေလိုပင်အောင်းမေ့မိပါသည်။ ကျနော်တို့လက်ပံအေးရွာတွင် နှစ်စဉ်ဝါခေါင်လမှာ ဘုရားပွဲတော် ကျင်းပလေ့ရှိပါသည်။ ထိုသို့ ဘုရားပွဲ ရှင်ပြုအလှူပွဲများပြုလုပ်ကြသည့်အခါ ဘုန်းကြီးကျောင်းသုံးကျောင်းသို့ လှည့်လည်ပြီး ရေစက်ချ အလှူပေးကြပါသည်။ စာပေပညာသင်ကြားရာမှာတော့ ဇီးပဏီအတန်းကျောင်းမှာ တက်သူများရှိသလို  ကုန်းကြီးရွာကျောင်းမှာ ပညာဆည်းပူးကြသူများလည်းရှိပါသည်။ ထိုစဉ်အခါက ကျနော်တို့လက်ပံအေးရွာမှာ ဘုန်းတော်ကြီးကျောင်းမရှိသေးသလို စာသင်ကျောင်းလည်း မဆောက်လုပ်ရသေးပါ ယခု အချိန်မှာတော့ ရွာမှာ မူလတန်းကျောင်းရှိသလို ရွာရဲ့ အရှေ့မြောက်ဘက် ရွာဆိုးကျောင်းနဲ့ ရွာရဲ့ကြားမှာ ဘုန်းတော်ကြီးကျောင်းလည်းတည်ဆောက်လို့ပြီးလုနီးပါးရှိနေပါပြီ။ ဒီနေရာမှာ ကျနော့်အနေနဲ့ ရွာလူကြီးမိဘများအားအကြံတစ်ခုပြုလိုပါသည်။ ဘုန်းတော်ကြီးကျောင်းနှင့် အတန်းကျောင်းယှဉ်တွဲရှိလျှင် စာသင်မယ့်ကလေးသူငယ်များအတွက် ပိုပြီးအကျိုးရှိမည်ဟု ထင်မြင်မိပါသည်။ ဘာကြောင့်ဆိုသော် ကျောင်းသားကျောင်းသူများ အတန်းလာတက်လျှင် အတန်းမတက်ခင် သို့မဟုက် စာသင်နားချိန်များတွင် ဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးများရဲ့ အဆုံးမ သြ၀ါများကို ခံယူနိုင်သည်။ ဦးဇင်း ကိုရင်နှင့် နီးကပ်စွာရှိနေရသည့်အတွက် ဘာသာရေး အခြေခံများရနိုင်သည့်အပြင် ဘာသာရေးစာပေများကိုလည်း လွယ်လင့်တကူ သသင်ယူနိုင်သည် ။ ထို့အပြင် ဘုန်းတော်ကြီးကျောင်းတွင်  ကျောင်းအိပ်ကျောင်းစား ကျောင်းသားများနှင့် သာမဏေ ကိုရင်များမှာလည်း အတန်းစာအတွက်သင်ယူရာမှာ အခက်ခဲမရှိနိုင်တော့ပါဘူး။ မြို့ပြမှ ယခုခေတ် လူငယ်တော်တော်များများသည် ခေတ်ပညာဖက်မှာ ခေတ်နှင့်အညီ ရင်ဘောင်တန်းနေပါသော်လည်း ဘာသာရေးဖက်မှာ အင်မတန်အမြင်ကျင်းနေကြတာ တွေ့နေရပါသည်။ တစ်ချို့ ဆိုရင် ရဟန်းသံဃာ တော်များနှင့်ပင် စကားပြောလျှင်သော်မှ ကမောက်ကမ နိုင်လွန်လှသည်များကို တွေ့မြင်နေရပါသည်။ ထိုသည်မှာ ဘာသာရေး အတွက် ၀မ်းနည်းစရာပင် ။ ထို့ကြောင့်ကျနော်တို့တောသားများမှာလည်း လောကီ အတန်းပညာကို အရေးထားသင်သလို လောကုတ္တရာ ဘာသာရေးစာပေကိုလည်း မူလတန်းအရွယ်မှာ အခြေခံအဆင့်လောက်တော့ သိထားတက်ထားသင့်တယ်လို့ ထင်မြင်မိပါသည်း။ ဒါမှသာ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ့်ယဉ်ကျေးမှုမျာကို လေးစားတနဖိုးထားပြီး မပျောက်ပျက်အောင် ထိမ်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ကြပါလိမ့်မည်။ ကျနော်ငယ်စဉ်က ကျနော်တို့ လက်ပံအေးရွရြဲ့အနောက်ဖက်မိုင်တ၀က်ခန့်ဝေးသော ကုန်းကြီးရွာကျောင်းတွင် ပညာသင်ခဲ့ရပါသည် ကျနော်တို့ ကျောင်းသူ ကျောင်းသားများ ကျောင်းကိုရောက်တာနဲ့ ဘုန်းကြီးကျောင်းထဲဝင်ကာ ဘုရားကိုရှိခိုးရပါသည်။ ဆရာတော်ကိုရှိခိုးရပါသည် ညနေအတန်းကျောင်းဆင်းလျှင်လည်း ဘုရားရှိခိုးကြရပါသည် ဆရာများအကြောင်းကိစ္စတစ်ခုခုကြောင့်မလာဖြစ်ခဲ့လျှင် ဘုန်းကြီးကျောင်းမှ ဦးဇင်းများ ကိုရင်ကြီးများမှ ဘုရားရှိခိုး အမျိုးမျိုးနဲ့ ဘုန်းကြီးစာများ သင်ကြားပေးကြပါသည် အတန်းကျောင်းတက်ရင် အားလပ်ချိန်မှာ ဘုန်းကြီးကျောင်းတွင် နေပြီး ဘရားမရ၀ုဏ်နဲ့ ကျောင်းဝင်းအတွင်သန့်ရှင်းရေးလုပ်ရခြင်း ကျောင်း ဝေယျာဝစ္စများလုပ်ကိုင်ရခြင်းရဲ့ အကျိုးတရားများမနည်းသလို ဆရာတော်ဘုရားရဲ့ သွင်သင်မှု ဆုံးမမှုများကိုခံယူရခြင်းရဲ့ အကျိုးရလဒ်ကလည်း များလှပါသည်။ ကျနော်တို့မူလတန်းကျောင်းသား ကျောင်းသူများ ထိုထို သော အကျိုးတရားများရရှိခြင်းမှာ မူလတန်းကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းယှဉ်တွဲကာရှိနေပြီး ဘုန်းတော်ကြီးနှု့်ဆရာ ဆရာမများရဲ့ တပည့်ကျောင်းသူ ကျောင်းသားများ အပေါ်ထားသည့် မေတ္တာကြောင့်သာဖြစ်ပေသည်။ ကျေးဇူးကြီးမားလေစွ။ ကျနော်မူလတန်း တက်စ အချိန်မှာ ကျနော်တို့ကို  သင်သော ဆရာများမှာ ဦးလှအောင် နှင့် ဆရာမ ဒေါ်တင်တင်မြင့်တို့ဖြစ်ကြပါသည် ဆရာကြီးနဲ့ ဆရာမကြီးသည် ကျနော်တို့လက်ပံအေး ရွာသူ ရွာသားများဖြစ်ကြပါသည် ကျနော် ပထမတန်းတက်တဲ့နှစ်မှာတော့ ဆရာကြီးကော ဆရာမ ပါ ပြောင်းသွားကြသည်။ ကျနော်တို့ကျောင်းကို အသစ်ရောက်လာသောဆရာမှာ ဇီးပဏီရွာမှ ဆရာဦးသန်းဆွေ ဖြစ်ပါသည်။ ဆရာဦးသန်းဆွေနှင့် တွဲဖက်သင်သော ဆရာကလေးများမှာ လုပ်အားပေးဆရားလေးများမို့ထင်သည် ကျနော်တို့ကျောင်းကို နှစ်ကြာသည် အထိ မသင်ကြားကြရရှာပေ ကျနော်မှက်မိသလောက် ကျနော်တို့ရဲ့ ကျေးဇးရှင်ဆရာလေးများရဲ့ အမည်ကို ရေးပြပါရစေ မှားကောင်းမှားနိုင်ပါလိမ့်မည်။သို့သော် ထိုဆရာလေးများရဲ့ ပုံရိပ်များကိုတော့ ကျနော့ရင်ထဲတွင် ယနေ့ထိမြင်ယောင်မိနေသေးပေသည်။ ဆရာဦးသန်းဆွေ လက်ထက်တွက် ဆရာကြီး ဦးသန်းဆွေနှင့် တွဲလို့ ပထမလာသင်ပေးသူဆရာလေးမှာ ကျားတက်ရွာမှ ဦးအောင်မြင့်ဆန်းဖြစ်ပါသည်။ နောက်တစ်ယောက်မှာ ဇီးချိုင်ရွာမှ ဦးကျော်မြင့်သန်းဟု ထင်ပါသည်။ နောက်တစ်ယောက်ကတော့ ရွှေလောင်းရွာသားဟုသာ သိပါသည် နာမည်မမှက်မိတော့ပါ နောက်တစ်ယောက်ကတော့ ကျနော်တို့ လက်ပံအေးရွာမှဖြစ်သည် သူ့နာမည်ကတော့ ဆရာဦးသန်းထွန်းပဲ ဖြစ်ပါတယ် အထက်ပါဆရာလေးများသည် ကျနော်တို့တွေကို ခဏတာလေးသင်ကြားပြသပေးကြရပေမယ့် ကျနော်တို့ တပည့်တွေ အပေါ်မှာထားသည့် ဆရာလေးများရဲ့ မေတ္တာ စေတနာ တရားများကတော့ကြီးမားပါပေလိမ့်မည်။ ကျနော်တို့ ကျေးလက်တောရွာမှာကျောင်းဆရာလုပ်သူတွေဟာ တကယ်ကို နာ သုံး နာနဲ့ ပြည့်စုံနေသူတွေမို့ပါ  ကျနော်တို့ကျေးလက်တောရွာတွေမှာ  သာမန်စိတ်ဓာတ်နဲ့ ဖြင့် ဘယ်လိုပုဂ္ဂိုလ်မျိုးမှ ကျောင်းဆရာ ဆရာမ လုပ်နိုင်ကြမည်မထင်ပေ   စေတနာ ၀ါသနာ အနစ်နာ ဆိုသည့် မွန်မြတ်သော စိတ်ဓာတ်ဖြင့်  ပညာအလင်းပြ ဆရာ ဆရာမများအားအထူးပင် လေးစားကြည်ညိုမိပါသည်။ ကျနော်ငယ်စဉ်အခါက ပညာဥာဏ်မနည်းခဲ့သော်လည်း ပညာကံ မွဲခဲ့ရပါသည်။ မူလတန်းကိုပင် အတန်းကုန်သည် အထိ မသင်ခဲ့ရပါ ထိုစဉ်အခါက ကျနော်ကိုယ်တိုင်က စာပေပညာရဲ့အတိမ်အနက်ကို နားမလည်ခဲ့သလို တောသူတောသားများဖြစ်ကြသည့် ကျနော်ရဲ့မိဘများမှာလည်း ကျနော်တို့ပညာရေးထက် ၀မ်းစာရေးအတွက်ကိုသည်လျှင် ရှေ့တန်းတင်ရမည့် အခြေအနေကြောင့်လည်းပါမည်ထင်သည်။ ပညာလို အိုသည်မရှိ  ဆိုသော်ငြားလည်း စာပေပညာရှာရမှာတော့  လောကလူသားများအဖို့ ဗုဒ်ဓဟောကြားထားတော်မူသည့်အတိုင်း ပထမ အရွယ်သာလျှင် အခါသင့်ပါသည်။ ကျနော့် အသက်အရွယ်သည် ယခုဆိုလျှင်ဒုတိယ အရွယ်သို့ ရောက်ရှိချေပြီ ပထမအရွယ် စာပေ ပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသည့်အတွက် ဆုံးရှုံးနစ်နာမှုတွေကို သိမြင်နေရပေသည်။ ကျနော်သည် စာပေပညာရဲ့ တန်ဖိုး ကိုသိရှိနားလည်လို့ ခုချိန်မှာ သင်လိုငြားသော်လည်း အချိန်ကားနှောင်းခဲ့လေပြီ ကျနော်ကဲ့သို့ စာမတက်လို့ ဘ၀မှာ ဆုံးရှုံးနစ်နာမှုများ မခံစားကြရစေရန် အနာဂတ်ရင်သွေးငယ်များ ပထမ အရွယ်မှာ စာပေပညာကို အရေးထားလို့ သင်ကြားကြစေလိုပါသည်။ ကျနော်တို့ တောသူတောင်သား အများစုသည်စာတက်ကြသော်ငြားလည်း စာဖက်အားအင်မတန်နည်းပါးကြသည်။ အထူးသဖြင့် ကျနော့ ချက်ကြွေ ကျနော့် မွေးရာမြေ သပြေပင်ရွာလေးမှ ရွာသူရွာသားများမှာ စာဖက်သူမရှိသလောက်ရှားပါသည်။ ။ထိုသို့ ဖြစ်ရခြင်းမှာလည်း အကြောင်းအမျိုးမျိုးကြောင့်ဖြစ်မည်ဟု ထင်ပါသည်။ အဓိက အကြောင်းယင်းကတော့ စာအုပ် စာပေ လွယ်လင့်တကူ မရှိခြင်းကြောင့် ဖြစ်ပါလိမ့်မည် ထိုအခက်ခဲကို ပြေလည်စေရန်နှင့် ကျနော်တို့ ကျေးရွာသူ ကျေးရွာသားများ အထွေထွေဗဟုသုတ တိုးပွါးစေရန် ရည်သန်လို့ ကျနော် နှင့် ကျနော်တို့ကျေးရွာလူငယ်လေးများမှ စာအုပ်စာပေ များကို ၀ယ်ယူစုဆောင်းကာ ရွာလယ် ဓမ္မာရုံအတွင်းဝယ် စာပေဖက်ရှုလိုသူများအား အခမဲ့ ငှါးရန်းဖက်ရှုစေခဲ့ပါသည်။ ထိုသို့ ကျနော့် ကျေးရွိာကု တိုးတက်စေလိုသော ကျနော့်ကျေးရွာသူ ကျေးရွာသားများကို အသိပညာ ဗဟုသုတ ကြွယ်ဝစေလိုသော ကျနော့်ရင်မှ စိတ်ဆန္ဒများဖြစ်ပေါ်လာရခြင်း အကြောင်းရင်းမှာ ရတနာသုံးပါးနှင့် အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင် များဖြစ်ကြသော ကျနော့မိဘ နှစ်ပါးနှင့် ကျနော့်ရဲ့သင်ဆရာ မြင်ဆရာ ကြားဆရာ များရဲ့ ဂုဏ်ကျေးဇူးကြောင့်ပင် ဖြစ်ပေသည်။ ထို့ကြောင့် ကျနော်ရဲ့ ကိုးကွယ်ရာတပါးဖြစ်သော ဆရာတော် ဦးစက္ကနှင့် တကွ ကျနော်မူလတန်းကျောင်းသားဘ၀တွင် ကျနော်တို့ကျောင်းသားသူငယ်များအား ဆရာရဲ့ ၀တ္တရားများနှင့်အ ညီ ဆုံးမသွန်သင် စာပေပညာသင်ပေးခဲ့ကြပါသော ဆရာကြီး ဦးသန်းဆွေနှင့် ဆရာဆရာမများအား လက်ဆယ်ဖြာဦးထိပ်မှာမိုးလို့ ရှိခိုးကန်တော့လိုက်ရပါတော့သည်။
                                                        ကိုဇော်လွင်  (မန္တလေး+ RBB ဆေးတိုက်)