စာပြေး

သပြေပင်ကျေးရွာ စုစည်းရာမှ ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါသည်

Tuesday, February 12, 2013

ကျွန်နော်မျှော်မှန်း ကောင်းရာလမ်း


ကျေးလက်အညာက ကျနော်တို့’’ သပြေပင်’’ ဆိုတဲ့ ရွာကလေးကနေ မန္တလေးမြို့ကြီးကို ကျနော်ရောက်နေတာ ဆယ်စုနှစ် တခုကျော်ခဲ့ပါပြီ ဒီကြားမှာတော့ ရွာမှာဘုရားပွဲရှိတဲ့လကိုတော့ဖြင့်တနှစ် တခေါက်တော့ ရောက်အောင်ပြန်ဖြစ်ပါတယ် ကျနော်တို့ရွာမှာတော့ ဘုရားပွဲဆိုတာ တစ်နှစ်မှတခါဘဲ လုပ်ကြတယ်လေ အဲဒီရက်ကိုတော့ဖြင့် ကျနော်လို့ ရွာနဲ့ခွဲခွါပြီး အနယ်နယ် အရပ်ရပ်မှာ အကြောင်း မျိုးမျိုးနဲ့ ရောက်ရှိနေကြသူတိုင်းဟာလည်း အဲဒီဘုရားပွဲရက်ကလေးကိုတော့ဖြင့် ဇာတိချက်ကြွေ ကိုယ့်မွေးရပ်မြေလေးဖြစ်တဲ့ သပြေပင်ဆိုတဲ့ ရွာကလေးကိုတော့ ပြန်လာတက်ကြစမြဲပေါ့….
သပြေပင်ဆိုတဲ့ ကျနော်တို့ရွာကလေးဟာ ကျနော်တို့ငယ်ငယ်တုန်းက အိမ်ခြေသုံးဆယ်ကျော်ကျော် သာရှိပါတယ် နီးနားပတ်ဝန်းကျင်မှာကျနော်တို့သပြေပင်ရွာကလေးဟာ အသေးငယ်ဆုံးရွာကလေး တစ်ရွာပေါ့ ရွာကလေးက သေးငယ်သလောက် လူနေမှုစရိုက်တွေက အင်မတန်ကြမ်းတမ်းကြပါတယ် အများစုကတော့ ရွာမြောက်ဖက်က ယမားချောင်းကြီးကို အမှီပြုပြီးရွှေကျင်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်…ဖားရိုက် ငါးနှိုက် သားသက် ဆိုတဲ့ ပါဏာတိပါတကံကိုချိုးဖောက်တက်သောသူတွေရှိသလို သူရာမေရယဆိုတဲ့ သေရည်သေရက်သောက်ကြူးတဲ့ အမူးသမားတွေလည်းရှိခဲ့ဖူးလေရဲ့ ဒါ့ဖြင့် တအိမ်နဲ့တအိမ် တဦးနဲ့တယောက်မောဟ အမှောင်တွေဖုံးလွှမ်းပြီး ခက်ထန်တဲ့ဒေါသတွေနဲ့ ရန်ပွဲတွေဆိုတာလည်း နေ့စဉ်လိုလိုရှိနေချေရဲ့ ကျနော် ကျေးရွာသူကျေးရွာသားတွေဟာ ဗုဒ်ဓဘာသာ မြန်မာလူမျိုးတွေ ဖြစ်နေပါရဲ့မြတ်ဗုဒ်ဓရဲ့အဆုံးအမတွေနဲ့ သွေဖယ်နေကြရောတဲ့ အဓိက အကြောင်းရင်းကတော့ ပညာရှိသူတော်ကောင်းတို့ရဲ့ သွင်သင်ဆုံးမမှုမရှိတာရယ် စာပေ အတက်ပညာ သင်ကြားခဲ့ရမှု မရှိတာတိုရယ်ကြောင့်လို့ပဲ ထင်မြင်မိပါတယ် လွန်ခဲ့တဲ့ ကျနော်တို့ အဖေရွယ်ငယ်ငယ် အဖိုးအဖွားတိုခေတ် အခါတုန်းကတော့ ဘန့်ဘိုးဆိုတဲ့ ရွာရဲ့ ရွာဦးဘုန်းတော်ကြီးကျောင်းမှာ ကျနော်တိုသပြေပင်၇ွာမှ ဘုန်းတော်ကြီး ဦး(……………).ဆိုတာ ကျောင်းထိုင်ကြီးတစ်ပါးပေါ့ အဲဒီတုန်းက ဘန့်ဘိုးသပြေပင် ရွာသူရွာသား ကလေးသူငယ်များဟာ ကျနော်တို့ဘကြီးတော်ဘုန်းကြီးရဲ့သွန်သင်ဆုံးမမှု စာပေသင်ကြားမှုတွေကို ခံယူကြရဟန်တူပါရဲ့ အဲဒီတုန်းက ဘန့်ဘိုးနဲ့သပြေပင် ဆိုတာလည်း နှစ်ရွာတစ်ရွာ ပေါင်းစည်းလို့ ညီညွတ်မှုတွေနဲ့အပြည့်နဲ့ပေါ့ ဘန့်ဘိုး သပြေပင် ကင်းကဲ ဓမ္မသာရဆိုတဲ့ ဒီ(၄)ရွာဟာ တစ်အုပ်စုတည်း ရွာတွေပေါ့ ဒီထဲမှ ဘန့်ဘိုဆိုတဲ့ရွာတစ်ရွာဟာ အုပ်စုရွာကြီပေါ့ ဒီလေးရွာထဲမှာ ကျနော်တို့သပြေပင်ရွာကလွဲရင် ကျန်သုံးရွာစလုံးမှာ ဘုန်းကြီးကျောင်း မူလတန်း(အစိုးရ)စာသင်ကျောင်းများရှိကြပါတယ် မရှိတဲ့ ကျနော်တိုရွာကလေးကတော့ ရွာမှာ အလှူပွဲ ဘုရားပွဲ ဖြစ်တဲ့အခါတိုင်း ရှေးယခင်ကတည်းက ဘန့်ဘိုးကရွာဦးဘုန်းတော်ကြီးကျောင်းမှာပဲ အလှူပေး ရေစက်ချ အမျှဝေလို့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့ကြရပါတယ် လောကဓာတ်စာပေ အတန်းပညာသင် ကြာရာမှာလည်း ထို့အအတူပါပဲ အုပ်စုရွာဖြစ်တဲ့ ဘန့်ဘိုးရွာကိုပဲ အမှီပြုခဲ့ကြရပါတယ် ဒါပေမယ့်လည်း ကျနော်တို့ငယ်ငယ် စာသင်ရမဲ့ အရွယ်မှာတော့ ကျနော်တို့ အမှီပြုရမဲ့မူလတန်းကျောင်းကြီးဟာ ဘယ်ကျောင်းဆရာ ဆရာမ ကမှ လှည့်မကြည့်ချင်လောက် အောင် အိုမင်းယိုယွင်းပျက်စီးနေလျှက်ရှိပါတယ် ဒီတော့လည်းကျောင်းဆရာ ဆရာမ မမြဲတဲ့ဒုက္ခ စာသင်ကျောင်းသား ကျောင်းသူမရှိဖြစ်မှုတွေဟာ ကျနော်တို့ရပ်သူ ရွာသားများရဲ့ အသိဥာဏ်နည်း(နဲ) မှုလို့ပဲဆိုရလေမလား ရပ်ရွာကိုအုပ်ချုပ်နေတဲ့လူကြီးမင်းများရဲ့ ပေါ့လျှော့မှုလို့ပဲပြောရမလား စာသင်ကျောင်းဆောင်ကြီးပျက်စီးနေတာကို ကိုယ့်နဲ့မဆိုင်သလို ဖာတိဖာသာနေ နေကြပေမဲ့ လူသူကင်းပြီး ပြောင်းရှင်းနေတဲ့ ကျောင်းဝန်းကြီးထဲမှာတော့ ဘယ်သူတွေက ဘယ်လိုပိုင်ဆိုင်းသွားကြမလဲမသိဘူး နှမ်းပေါ်ချိန်ဆို နှမ်းသလင်းပြင်ဖြစ်လိုက် စပါးပေါ်ချိန်ကျပြန်တော့လည်း စပါးသလင်းပြင်ဖြစ်လိုက်ပြန်ရော တခါတခါဆိုနွားသင်းကုတ်တောင်ဖြစ်သွားပြန်တယ် ပညာရေးဘက်မှာအဲသလောက်မရှု့မလှဖြစ်နေသလို ဘုန်းတော်ကြီးကျောင်းဘက်မှာလည်းစဉ်းစားကြည့်ဦး အတန်းကျောင်းမှာစာမသင်ကြလို့ဘုန်းကြီးကျောင်းမှာ များစုပြုံနေကြပြီးလားရယ်လို့အထင်မမှားလေကြနဲ့ ဘုန်းကြီးကျောင်းကျ ပိုဆိုး ကျောင်းသား ကိုရင်မြင်ရဖို့ မပြောနဲ့ ကျောင်းထဲဝင်ရင် တစ္ဆေပင်ချောက်လေမလားရယ်လို့ သံသယ၀င်မိလိမ့်မယ် ဟုတ်တယ်လေ တစ်ကျောင်းလုံးမှဘုန်းကြီးတစ်ပါးထဲရှိတယ် ရှိတဲ့ဘုန်းကြီးကလည်းကျောင်းထိုင်လို့သာပြောတာ ကျောင်းကပ်တဲ့အချိန်ကနည်းနည်းရယ် ဒေသစာရီကြွချီနေတာကများတယ် ဆရာတော် ဒေသစာရီကြွနေတာများလို့ ကျောင်းသားကိုရင် မမြဲတာလား ကိုရင် ကျောင်းသားမရှိလို့ ဆရာတော်ဒေသစာရီ အကြွများနေတာလားဆိုတာတော့ မပြောတက်ဖူး…အဲဒီဆရာတော်ကျောင်းထိုင်သွား တာ ဘယ်နှနှစ်ထိရှိလဲဆိုတာတော့မသိပါဘူး ဘုန်းကြီးကျောင်းထိုင်သွားတဲ့နှစ်မပြောနဲ့ ဘုန်းကြီး ဘွဲ့ကိုတောင်ကျနော်ဖြင့်မသိပါဘူး ကျနော်တို့မှာလည်းအဲလောက်ထိအောင်ဘုန်းကြီးနဲ့နီးနီးစပ်စပ်ရှိတာ ဆရာ ဒကာ ညီတယ်လို့ဆိုရမလားပဲ ဘုန်းကြီးဘွဲ့ကိုကျနော်မသိသလိုအခြားသူတွေလည်းသိမယ်မထင် ဘူးဗျ ဘာဖြစ်လို့လဲဆိုတော့ ဆရာတော်ကို ဦးကျော်လွင်လို့ပဲအသိများကြတယ် နောက်ပြီးဆရာတော် ဦးကျော်လွင်ဟာ ရခိုင်လူမျိုးလို့တော့သိရတယ် ဒါလည်းတယောက်စကားတယောက်နားနဲ့ပဲကြားတာပါ ဘယ်သူမှ ဂဂနနတော့သိဟန်မတူပါဘူး အဲဒီဦးကျောင်းလွင်လက်ထက်မှာကောင်းကွက်ကလေးတွေလည်း ရှိခဲ့ပါတယ် ထင်ရှားတဲ့ သာဓက တခုကတော့ ဘုရားဝိုင်(ပရိဝုဏ်)ပတ်ပတ်လည်မှာ ပြည်သူအများကောင်မှုနဲ့ တံတိုင်းတွေခက် စေတီတွေကိုပြုပြင်မွမ်းမံ ဒါတွေကတော့ ယခုလက်ရှိအချိန်ထိ လူကြီးတွေမှတ်မိနေကြဦးမယ် ထင်ပါတယ် အဲ…ဦးကျော်လွင်နဲ့ကျနော်တို့ရဲ့အဖြစ်ပျတ်လေးတခုကိုဖြင့်သိခဲ့ဖူးတဲ့လူများမေ့နေကြမယ်ထင် ပါတယ် ကျနော်ကတော့မမေ့သေးဘူးဗျ ဒါပေမယ့်လည်း ဘယ်သူနဲ့မှလည်း စကားမစပ်မိလို့ မပြောဖြစ်ခဲ့ဖူး ပါဘူး အဖြစ်ကဒီလိုဗျ ၈၈ အရေးခင်းကာလကပေါ့အဲဒီတုန်းက အများနည်းတူ ကျနော်တို့ကျေးရွာမှာလည်း ပိုက်ဆံရှိပြီး ဆန်ဝယ်မရလို့ထမင်းအစား တခြားအသီးနှံ အစိ(အစေ့)အဆံတွေကိုပြုပ် သုပ်စားနေကြရတဲ့ အချိန်ပေါ့ တနေ့မှာ တော့ ကျနော်တို့မျှော်လင့်မထားတဲ့ အသံတစ်သံကြားရတယ်ဗျ အဲဒီအသံဆိုတာက ခင်ဗျားတို့ ကျနော်တို့လို သာမန်လူအသံပါပဲ ထွက်ပေါ်လာတာက ဘုန်းကြီးကျောင်း ခြင်္သေ့ကြီးနှစ်ကောင် ကြားကနေ ကျနော်တို့ရွာဘက်ကို မျက်နှာမူပြီး အော်နေတာ အော်သံက သုံးလေးခါလောက်ရှိမယ်ထင် အော်သံလည်းတိတ်သွားရော ဘယ်ပြောကောင်းမလဲ ကျနော်တို့ရွာက ကလေးတွေများ ကျနော်အပါဝင် တွေ့ကရာ ဇွန်း ဇလုံကိုယ်စီ ဆွဲပြီး ဘန့်ဘိုးကျောင်းဆီချီတက်လာလိုက်ကြတာများ ပျော်စရာလေးကိုဖြစ်လို့ မပျော်နိုင်ရိုးလားဗျ ခုနက အော်တဲ့အသံဆိုတာ ဦးကျော်လွင်(ဘုန်းကြီး)ကနေ ကပ်ပိယကို သပြေပင်ကကလေးတွေ ဂျုံယိုသောက်ရအောင်ကိုယ့်ဇွန်း ဇလုံယူပြီးလာခဲ့ကြလို့ခေါ်ခိုင်းလိုက်တာ အဲဒီအချိန်က ဂျုံယိုဆိုတာကိုအ၀ အပြဲသောက်ရဖို့ဆိုတာက သိပ်လွယ်တာမဟုတ်ဘူးရယ် အဲလိုမလွယ်တဲ့ အချိန်မှာဘုန်းကြီးက ဂျုံယိုဆိုတာကိုတိုက်တယ်ဆိုတော့  ကလေးတွေအားလုံးပျော်ကြတာပေါ့ …ဒါပေမဲ့ ကျနော်တော့ မပျော်လိုက်ရပါဘူးဗျာ ကျနော်တင်မပျော်တာမဟုတ်ပါဘူး မောင်ချောနဲ့ တရားခံကောင် ဟံစိန်လည်း ပျော်မယ်မထင်ဘူးဗျာ ဟံစိန်ဒင်းကိုဘာကြောင့် တရားခံကောင်ကိုလို့ပြောလည်းဆိုတော့ ပြုံးပျော်ဆဲ ကျနော်တို့ မျက်နှာကိုမဲ့သွားအောင် ဒီကောင်လုပ်လိုက်တာရယ် ငိုက်မရှက် ငတ်မရှက် ဆိုတာကိုလည်း ဒီကောင်က သက်သေပြလိုက်တယ်လို့ပဲ ဆိုရမလိုလိုပါ အကြောင်းက ဒီလိုဗျ သောက်လက်စဂျုံယို တစ်ပန်းကန်ကုန်လို့ နောက်ထပ် ထပ်ထည့်ခိုင်းဖို့ရာအသွားမှာတန်းစီသွားရတယ် အဲဒီချိန်မှာ မင်းသားက သူကိုင်ထားတဲ့ ဇွန်းကိုလျှာနဲ့ယက်လိုက်သလေ ဒါကို ဘုန်းကြီးကမြင်တော့ သူ့နောက်ကရပ်နေတဲ့ ”မောင်ချော”နဲ့ ကျနော်ပါ ကံဆိုးသွားတာပေါ့ဘာကြောင့်လဲဆိုတော့ အဲဒီနေ့က ကျနော်တို့ သုံးယောက်ကို ဘုန်းကြီးက“ပုတ်မှောက်“အပြစ်ပေးလိုက်လို့လေ ပုတ် ဆိုတာ ကျနော်တို့ ရွာတွေမှာတော့ တောင်သူလယ်သမားများအိမ်မှာ နွားစာတို့ မျိုးစေ့ မျိုးဆံ အသီးအနှံတွေထည့်တဲ တနည်းပြောရရင် အချိန်တစ်ရာ လောက်အထိ ထည့်လိုရတဲ့ တောင်း အကြီးစားကြီးပေါ့ အဲဒီ တောင်းအကြီးစားကြီးနဲ့ ကျနော်တို့ သုံးယောက်စလုံးကို တစ်နာရီလောက် အပေါ်ကနေ အုပ်ထားတာ နောက်တစ်နေ့မှာတော့ ကျနော်တို့ သုံးယောက်သားမှာ လ္ဘက်ဖိုး ကွမ်းဖိုးမကုန်ပဲနဲ့ နာမည်တစ်လုံး ကင်မွန်းတက်ခံရပါလေရေ…ဘာတဲ့ .“ပုပ်မှောက်” တဲ့ ဗျာ ..ကိုင်း ကောင်းကြပါလေရော..။
သြော်…တစ်ချိန်တခါတုန်းက တစ်ရွားမှာ အတူတူနေခဲ့ကြရသလို ”ပုပ်” ဆိုတဲ့ တစ်လုံးထဲမှာလည်း တစ်နာရီလောက် အတူတူနေခဲ့ကြရတဲ့ အပြင် ပုပ် မှောက် ဆိုတဲ့ နာမည်တစ်လုံးထဲကိုပဲ မျှဝေခေါ်ဆိုခြင်း ခံခဲ့ကြရတဲ့ ကျနော်တို့ သုံးယောက်သားမှာ ခုတော့ဖြင့် တစ်ယောက်တစ်နေရာဆီဝေးကွာနေကြရပါပြီ…တစ်ကယ်ကိုတစ်နေရာဆီမှာပါ…တရားခံကောင်လို့ ကျနော်ခေါ်တဲ့ ဟန်စိန် ဆိုတဲ့ ကောင်က ကျနော်တို့ရွာရဲ့ မြောက်ဘက်ရွာသူနဲ့ အိမ်ထောင်ကျလို့ အဲဒီ မိန်းကလေးရဲ့ လက်ပံအေး အမည်ရှိတဲ့ ရွာမှာပဲ လုပ်ကိုင်စားသောက်နေထိုက်လျှက်ရှိပါတယ် ”မောင်ချော” ဆိုတဲ့ ကျနော့်သူငယ်ချင်း တစ်ယောက်ကတော့ဖြင့် ကျနော်တို့နဲ့ အဝေးဆုံးတစ်နေရာ ကျနော်တို့ တစ်တွေလည်း ဘယ်နေ့မှာ သွားရမယ်ဆိုတာ မသိပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ သွားရမယ့် မရဏဆိုတဲ့ သေရွာကို ပါ ဟုက်ပါတယ် ကျနော်တို့ ကျေးရွာက ကျနော့်ရဲ့ သူငယ်ချင်း မောင်ချောကတော့ သေရွာကိုစောစီးစွာရောက်သွားရှာပါပြီ…။
အရာအားလုံးတို့သည် စက္ကန့်မလပ် ရွေ့လျှားပြောင်းလဲနေကြလေသည် ။ကျနော်တို့ရဲ့ အသက်အရွယ်တွေဟာလည်း ကြီးရင့်မှု့ဆီကိုရွေ့လျှားပြောင်းလဲလာသလို ။ကျနော်တို့ ကျေးရွာသူ ကျေးရွာသားတွေရဲ့ စရိုက်တွေကတော့ဖြင့်ကောင်းတဲ့ ဖက်ဆီကို ဦးတည်လို့ ပြောင်းလဲလာခဲ့ချေပြီ ကျနော်တို့ ငယ်ငယ်က ထန်းရွက်မိုးအိမ်ငယ်လေးတွေ သုံးဆယ်ကျော်ကျော်သာရှိခဲ့တဲ့ သပြေပင်ရွာငယ်လေးဟာ အခုတော့ဖြင့် သွပ်မိုး အိမ်တွေအပါဝင် အိမ်ခြေ ငါးဆယ်ကျော်လောက်ရှိနေပါပြီ..ဟိုတုန်းကဆိုရင် တစ်ရွာလုံးမှာမှ စက်ဘီးစီးနိုင် ၀ယ်နိုင်တဲ့သူဆိုလို့ နှစ်ဦးသုံးဦးခန့်သာရှိခဲ့တဲ့ ကျနော်တို့ ရွာကလေးဟာ အခုဆိုရင်အိမ်တိုင်းနီးပါး ဆိုယ်ကယ်ကိုယ်စီရှိနေကြပါပြီ ပညာရေးဘက်မှာဆိုလည်း မူလတန်းကို (၄ တန်းကို ) ပြီးအောင်မနေခဲ့ကြရတဲ့ ကျနော်တို့ ရွာသူ ရွာသားတွေဟာ ယ္ခုခေတ် ကလေးတွေမှာတော့ မူလတန်းမှ အလယ်တန်း နဲ့ အထက်တန်းကျောင်းသားတွေ အထိ ကျောင်းတက်နေကြပါပြီ ။ ဘာသာရေးဘက်မှာဆိုလည်း ဘုန်းကြီးကျောင်းရှိရက်နဲ့ တလရှိလို့မှ တစ်ခါလောက်တောင်မှ ရဟန်း(ဘုန်းကြီး ) သာမဏေ (ကိုရင်)များကို မဖူးမြင် ဦးမတင်ခဲ့ကြသည့် ကျနော်တို့ ရွာသူ ရွာသားတွေ အခုတော့ဖြင့် ဘန့်ဘိုးရွာဦးကျောင်းမှာ ဦးကောသလ္လ ဆိုတဲ့ ဆရာတော်ရဲ့ ဆုံးမပဲပြင်မှုများရဲ့ အရိပ်အောက်မှာ ရိုကျိုးစွားရှိနေကြရသည့် အပြင် သူတို့ရဲ့သားငယ် သ္မီးငယ်လေးတွေမှာလည်း ယဉ်ကျေးမှုနဲ့ ဘာသာရေးစာပေပညာတွေကိုပါ သင်ယူနေကြရပါပြီ ယခု ဆရာတော်ဘုရားရဲ့ ကျေးဇူးတရားကြောင့် ကျနော်တို့ ကျေးရွာသူ ကျေးရွာသားများမှာ ဆွမ်းလှူရသော ကုသိုလ် ရေလှူရသော်ကုသိုလ် စတဲ့ ကောင်းမှုကုသိုလ် အလုပ်တွေကိုလည်း နေ့စဉ်နဲ့ အမျှ ပြုနေကြရပါတယ် ဆရာတော်ဘုရားရဲ့ သွန်သင်မှုအောက်မှာ ကြီးပြင်းလာခဲ့ကြတဲ့ တပည့်ကျောင်းသားကိုရင်ဆိုတာလည်း အတော်ပဲများပြားလာခဲ့ပါပြီ ဒီမျှမက ဆရာတော်က ကျနော်တို့ ဘန့်ဘိုး သပြေပင်မှ သူ့တပည့်များကို ရဟန်းမြတ် ရဟန်းတော်တွေ ဖြစ်အောင်ဆိုတဲ့ ဆန္ဒတော်နဲ့ သင့်ရာ အပ်ပို့ လိုက်လို့ ယ္ခုဆိုရင် ကျနော်တို့ သပြေပင်ရွာကကိုပဲ သာသနာ့ အာဇာနည်ရဟန်း ဦးဇင်းနှစ်ပါး
မန္တလေးမြို့မှာ ပညာသင်ကြားလျှက်ရှိနေပါတယ် မုံရွာမှာလည်း မှာလည်း ရှိပါသေးသည်။ အဲဒီလို ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဘုရား ဘာသာရေး တရားတွေ နဲ့ ကျနော်တို့ ကျေးရွာသူ ကျေးရွာသားများကို ယဉ်ကျေးသိမ်မေ့လာအောင် ဆုံးမ သွန်သင်မှုတွေ ပြုနေသလို အတန်းစာပေပညာကို ကျနော်တို့ ကျေးရွာမှ ကလေးသူငယ်များ အမှီပြုရမယ့် ဘန့်ဘိုးရွာက မူလတန်းကျောင်းတော်ကြီးဟာလည်းကျောင်းတက်ကျောင်းဆင်း ခေါင်းလောင်းသံတွေ တညံညံနဲ့ ပညာရင် နို့ချိုအေးကို တိုက်ကျွေးလို့ နေပါပြီ လှုမှုရေး စီးပွါးရေး ကျန်းမာရေး ပညာရေး ဆိုတဲ့ ကျနော်တို့ လှု့ဘောင်အတိုင်းဝိုင်းမှ လိုအပ်ချက်များ များစွာ ကျနော်တို့ ကျေးရွာသူ ကျေးရွသားများရဲ့ အတိတ်သမိုင်းကြောင်းဟာ မကောင်းခဲ့ကြပါဘူး ဒီတော့က မကောင်းခဲ့တာတွေကို သင်ခန်းစာယူပြီး နောင်လာမယ့် အနာဂတ်မှာ သမိုးလှလှတွင်ရစ်ခဲ့ကြဖို့ အတွက် ကျနော်တို့ ကျေးရွာသူ ကျေးရွာသားမျာှး ဇွဲ လုံ့လ ၀ီရိယ ထားကာ ၀ိုင်းဝန်း ကျိုးစားပြုပြင်ပြောင်းလဲသွားကြမယ်လို့ ရည်ရွယ်ချက်ပြုရင်း ကျနော့်ရဲ့ ”ရွာ”အလွမ်းစကို ဒီနေရာမှာ ခဏနားလိုက်ရပါတော့သည်….။
ကိုဇော်လွင် (RBB)

ကျနော်တို့သပြေပင်ကျေးရွာမှ ဟာသလေးတစ်ပုဒ်ဖြစ်ပါသည်….

ဒီဟာသဇာတ်လမ်းကနဦးအစခန်းလေးကတော့ဖြင့် ကျနော်တို့ရွာလေးအရပ်ဇာတ်ဖြစ်မြောက်ရန်အတွက်ဖြစ်
ပါသည်…ဒီဇာတ်လမ်းမှာ ကျနော်တို့သပြေပင်သူ သပြေပင်သားတွေအားလုံးပါ ပါတယ် မထမခန်းရပ်မှာတော့
နှစ်စဉ်နှစ်တိုင်းဖြစ်နေကျဘုရားပွဲအတွက် ဒီနှစ်မှာတော့ဖြင့် အထူးသဖြင့်အရပ်ဇာတ်ဖြစ်မြောက်ရေးအတွက်
စည်းဝေးပွဲလုပ်ပါမယ် ဒီစည်းဝေးပွဲမှာ အသံချဲ့စက်ပါတယ်…
…အားဟားဟား…………..၀ါးဟားဟားဟား……………..ဟားဟား
(ချက်လှဲလာဂျီဟေ့)ကလေးတွေက ကုလားသီချင်းသံကြားရလို့ စက်လှည်းလာပြီဆိုပြီး ဖိနပ်မစီး ဦးထုပ်မပါ တောင်တံခါးအတိုင်းသူ့ထက်ငါ အလုအယက်ပြေးနေကြသည်။ တဖြေးဖြေးနှင့်က်လှည်းက ရွာတံခါးပေါက်
ရောက်လာသည် ရွာထဲရောက်သည်အထိ ဒီကုလားသီချင်း(ရီ)ရယ်တဲ့နေရာကိုဘဲ ရစ် ရစ်ဖွင့်လာသည်။
ဒါကိုကလေးတွေကပျော်နေသည်၊ သူတို့လဲစက်ထဲကလိုလိုက်ရီကြသည် မရယ်နိုင်သူကတော့ မညွန့်ခင်ဖြစ်သည် သောက်ချီးရက်လေးတွေ ပထွေးရယ်သာကိုသဘောကျနေ ဟိုမောင်ချောသောက်ချီးစား
ငါ့နွားတွေယူမသွားနဲ့ဆိုတာမရဘူး ခုနွားတွေဘယ်တောလိုက်ထဲ့လို့ထဲ့ရမညောင်းမသိဘူး ဒါကိုမောင်ချောနှင့်
ဆန်းဝင်းက မကြား မောင်ချောကလှည်းမောင်း ဆန်းဝင်းနဲ့မောင်ပုက စက်ဟွန်းကြီးတွေတယောက်တဟွန်း
ကိုင်လို့ သဖြီးလေးတွေနဲ့သဘောကျနေလေရဲ့…. ဘယ်သူ့အိမ်ထားမှာတုန်းဟ ဦးကြီးအိမ်ထားကွာ..
ဟာမလုပ်နဲ့မလုပ်နဲ့ မောင်သောင်းတို့ သမီးယောက်ဖနှစ်ယောက်က လက်ကမျင်းတယ်…ဒါဆို ပေါက်ခြူးအိမ်
ထားမယ်ကွာ….။ ဆန်းဝင်းနှင့် မောင်ပု အလုပ်ရှုတ်နေသည် မောင်ပုကစက်ဟွန်းတွေ ကုက္ကိုပင်ပေါ်တက်တင်
နေသည် ဆန်းဝင်းကအောက်ကြည့်ပြီးပြောရသည်။ ဒီကြားကလေးတွေကတမှောက်…ဖယ်ကြ…ဖယ်ကြ…
အားတိုင်းမွေးမကလေးတွေ ရှုတ်ကိုရှုတ်တယ်..။ဒါကို မအေးမြင့်က ရေခက်ရင်းကြားလိုက်သည်။
အဲဒီထဲမှာ သူ့သမီးပါလို့ မခံနိုင်ဖြစ်သွားသည်။ ..ဟဲ့..စိန်ကြည်သား နင်ကတော့အားလို့ယားလို့မွေးထားတာ
လေ..ကောင်စုတ်ရဲ့ ..။ဆန်းဝင်းကလဲမခံ ပြန်ပြော၏ တဖြေးဖြေးနှင့်အကြီးကျယ်ဖြစ်တော့မည် ဒါကို
ဦးတင်အောင်ကသိလို့နှစ်ယောက်လုံးငေါက်လိုက်မှ ငြိမ်သွားကြတော့သည်။ ပေါက်ခြူးကဟွန်းတင်တဲ့
ကောင်ကိုလှမ်းအော်သည်။ဒို့ရွာကစာဆိုအတိုင်း မြင့်မြင့်တင်ကျယ်ကျယ်ဖွင့်နော် ဟေ့ကောင်လေး။
နှဲကြီးပြားလေးချပြီးရင် တွံတေးသိန်းတန်အရင် ဖွင့်ကွာ စက်ဆရာ ထွန်းရွှေဒိုးပါတ်ချကွာ…မောင်ချောဘိုဘိုဟန်
ဗြားချပ်ချပ်လေးစဖွင့်ခိုင်းပါဟ…စက်ဆရာ အာသာနီလှကြည်လေးဖွင့်စမ်းကွာ…ဟကောင်ကြည်ခရ အာဇာနည်လုပ်စမ်းပါကွဘယ်နဲ့အာသာနီသွားတာတုန်း…မှားလို့အကို မှားလို့ဆောရီး ..။စက်ဆရာမှာဟိုလူ
ပြောလိုက်ဒီလူကပြောလိုက်နှင့်ဗြားများနေသည်ဒီကြားထဲကဦးခင်မောင်က အဆစ်ပါလိုက်သေး။
ဟဲ့ကောင်လေး နဂုံနီလေးသီချင်းလေးလုပ်ပါဟ…အာ အလေးခင်မောင်ရာ နဂါးနီပါဗျ…အေးအေးနဂါးကိုနဂုံနဲ့မှားသွားလို့ပါကွာ(ဟေ့ကောင်တွေဟေ့ကောင်တွေ)ဟာ-ထွေးလေးသာမောင်လာနေပြီxxမင်းတို့ကွာဟိုလူကိုဟိုဟာဒီလူကဒီဟာနဲ့ စက်ဆရာစိတ်ဆင်းရဲနေပြီ
ဒီမှာ ဒို့ ဗုဒ်ဓဘာသာမြန်မာလူမျိုးတွေဟာ ကိုယ့်အတွက်နဲ့စိတ်ဆင်းရဲအောင်မလုပ်ရဘူးကွ…တရားတော်နဲ့
အညီအေးအေးငြိမ်းငြိမ်းနေကြစမ်းပါကွာ…ကိုင်းစက်ဆရာ ကြာနီကန်တရားလေးအရင်ချကွာ…အော်ဟုတ်မလို
လိုနဲ့ အဖျားရှူးသွားတယ်…ကဲကဲအငြင်းပွါးမနေနဲ့ ဟိုမှာ သူကြီး ဦးကိုးလာနေပြီ… ဟေ့ကောင် မောင်ချော
မင်းတို့စက်ကမဖွင့်သေးဘူးလားကွ… ဖွင့်တော့ မဖွင့်ရင်ပြန်ပို့လိုက်..။ ဟာ…ဒီ..ဒီလိုပါခင်ဗျ ကျနော်ကဖွင့်မလို့ပဲ ..သူကြီးတို့ရွာကလူတွေက ဟိုဟာစဖွင့်ဒီဟာစဖွင့်နဲ့ငြင်းခုံနေကြလို့ ကျနော့မှာဘာလုပ်
လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတာပါသူကြီး…။ သူကြီးဒီတော့မှရွာသူရွာသားတွေကိုလိုက်ကြည့်လိုက်သည် ဟုတ်သည် ပေါက်ခြူးအိမ်ထဲမှာလူတွေရှုတ်နေသည်။ ကဲကဲ ..မင်းတို့စက်ငှားတာ တခြားမဟုတ်ဘူးကွ…
ဒို့ရွာအရပ်ဇာတ်အတွက်စည်းဝေးပွဲလုပ်ဖို့ ပြောဖို့ ဆိုဖို့အတွက်ငှားထားတာ…ဒီတော့ဘယ်သူပြောတာမှ
ဖွင့်မနေနဲ့..ဟိတ်ကောင် ငချော .. ဗျာ..သူကြီး … ရွာထဲကလူတွေကိုမိုက်နဲ့ခေါ်ပီးစုထားလိုက် ငါဥာဏ်မြင့်အိမ်ခဏသွားဦးမယ်ကြားလား…ဟုတ်…ဟုတ်ကဲ့ သူကြီးလဲမြောက်ပိုင်း သူ့သားအိမ်ထွက်သွားရော့မိုက်ခွက်ကိုသူပြောမယ်ငါပြောမယ် လုကြပြန်ပါရော။ဟိတ်ကောင်တွေ..သူကြီးက ငါ့ကိုအမိန့်ပေးခဲ့တာ…ဒီတော့ငါဘဲပြောမယ် ဘယ်ကောင်မှ လျှာမရှည်ကြနဲ့ အရမ်ဇာတ်အတွက်လူစုမယ်…။
မောင်ပုကလဲပြောချင်ရှာသည် မောင်ချောကိုအပူကပ်သည်၊မောင်ချော ငါပြောမယ်ကွ…ဇာတ်ထဲကြ ငါရဲအောင်လို့ပါ… ဟိတ်ကောင်ရဲတာတွေ နီတာတွေ ငါမသိဘူး …မောင်နိုင် မိုက်ခလုတ်ဖွင့်လိုက်တော့…၊
မောင်ချော..မောင်ချော..၊ဘာတုန်းကွ…မအေယိုးရဲ့ … ပဏာမငါပြောချင်တာကွာ နောက်မှလိုအပ်တာမင်းပြော
…ငါယိုးမ ကြည်ခသား လူကဖြင့်ဘာမှ မစွန်ပဲနဲ့…အလုပ်ရှုတ်တယ်…။ စမယ်…စမယ် ..ဟလို.ဟုန်ဟုန်.
ဟ ဟို စက်ဆရာဘောလုံးကွန်ထရိုးကိုရှော့ပါ..ရှော့ပါ..ဟ ဟ လို ဟိုလို့ ဟောင်းလောင်း တို့လို့တွဲလောင်း…
ရပြီ..ရပြီ..အဟမ်းအဟမ်း အင်းအဲ…ဟို-ဟိုဟာ ဟိုဒင်း.၊မောင်ချော တကယ်တမ်းမိုက်ကြီးကိုင်ပြီး ဘာပြောလို့ပြောရမှန်းမသိဖြစ်နေသည်။ သစ်လွင်က မိုက်ကိုလုယူကာ စက်ငှားရတဲ့အကြောင်းကိုပြောလေ
တော့သည်၊ မောင်ချောကလဲ အညံမခံပြောဖို့စဉ်းစားနေသည်။
ကျနော်တို့သပြောပင်ကျေးရွာမှ လုပ်စားပြည်တီများ ခင်ဗျား….၊ ဘာ လုပ်စားပြည်တီလဲဟ… လုပ်သားပြည်သူပါ မင့်မေ့လင်လုပ်စားပြည်တီပါလား တကတည်း ပြောလည်းပြောချင် ပြောလဲမပြော ဟင်း…
ဖယ်..ငါပြောတော့မယ်…၊ နေနေ နေပါဦးဟ.. ငါအရှိန်ရနေလို့ပါမောင်ချောရ ငါ့ညီရ… ဖယ်ဖယ်ဘာ ငါ့ညီ ငါ့ညက်တွေလုပ်မနေနဲ့…. အဟမ်းဟမ်း ကျနော်တို့. သပြေပင်ကျေးရွာမှ လုပ်သားပြည်သူများခင်ဗျာ ယခုအသံချဲ့စက်ငှားရခြင်းဟာ ခင်ဗျားတို့ ကျုပ်တို့ရွာမှာ တစ်နှစ်တခါဖြစ်နေကြ ဗုဒ်ဓပူဇနိယ ပူဇော်ပွဲကြီး
အဲဒီပွဲကြီးမှာ နှစ်စဉ်နှစ်တိုင်းပြောရမယ်ဆိုရင် ကျုပ်တို့ ဘိုးဘောင်ဆက် ခေတ်အဆက်ဆက်ကမှ တစ်နှစ်မှမပျတ်မကွက်ဆောင်ရွက်…ရွက် ..၊ ပေရှည်နေလိုက်တာကွာ .. မိုက်ပေးစမ်းခဏ.. ဘာလုပ်မလို့လဲ စိန်ဗိုလ်ရဲ့ ဒီမှာပြောကောင်းမလို့စကာရှိသေး…၊ ခဏလေးပါဆိုကွာ.. ရော့..ရော့.. စကားပြော မပြောရသေးဘူး
အဖျတ်သမားတွေပေါမှပေါ..။ ကိုဗိုလ်လေးမိုက်ခွက်ကိုင်ကာစပြောလေသည် -အဟမ်း..ဦးကြည်ခ သိစေရန်ဒီနေရာကနေပဲ ပြောလိုက်ပါရစေ.. ၊စက်နားမှာရှိတဲ့လူတွေ ကိုဗိုလ်လေး စကားကိုစိတ်ဝင်တစား နားထောင်နေကြသည် ဘာတွေပြောမှာပါလိမ့် .မောင်ကြည်ခ မင်းငါ့အိုးကိုအကုန်သောက်သွားသည့်အတွက် အခုချက်ချင်းပြန်အစားဝယ်ပေးပါ.. ငါမသောက်ရသေးဘူးနော်… ၀ယ်မပေးရင်တော့မင်းနဲ့ငါ ထန်းရေ တလုံးအတွက် တသက်လုံး မုန်းသွားကြမယ် ဒါဘဲ။ ကိုဗိုလ်လေး ပြန်မှ မောင်ချော ဆက်ပြောသည် ..ဘာများလဲလို့ သောက်ရေးထဲ.. အဟမ်းဟမ်း ကျနော် ပြောတာဘယ်ရောက်သွားပြီလဲ.. အဲ . ငါဘယ်က ဆက်ရမှာပါလိမ့် … ဟုတ်ပြီ.. ဟုတ်ပြီ ..ဟုတ်ပြီဆိုရင် မိုက်ငါ့ပေစမ်း ..ကိုသာမောင်က မိုက်တောင်းပြန်သည် ကိုသာမောင်တော့ မောင်ချောသိပ်မပြောရဲ။မိုက်ခွက်ကို အသာပေးလိုက်သည်၊ ဟလို..ကိုမောင်ဌေး ရွာမြောက်ပိုင်းက ကိုမောင်ဌေး ..မင်းအိမ်ကခွေးနီမက ..ကိုရွေဖုံး ကြက်မကြီးကိုလိုက်ကိုက်နေပါတယ်..အဲဒါ
ကျေးဇူးပြုပြီးထိန်းသိမ်းပေးပါဒါပဲ…။ ပြောပြီး ကိုသာမောင်ပြန်သွားသည် တဖြေးဖြေးနှင့် သူကြီးဦးကိုးရောက်
လာသည်။ ကဲကဲ လူစုံပလားဟေ့… ဟဲဟဲ ဟလို သကျိုးနေကန်းတယ်နော်..၊မောင်ဝင်းကရွှတ်နောက်နောက်
နှင့် သူကြီးကိုစ၏၊ သူကြီးကစိတ်တိုလွယ်၏ ယခုလဲ မောင်ဝင်းပြောတာကိုဒေါသဖြစ်၏ သူ့လက်ထဲမှာရှိသည့်
တောင်ဝှေးနှင့်ပစ်လိုက်သည်။ သို့သော် သူကြီးတောင်ဝှေးက မောင်ဝင်းကိုမထိပဲ မဌေးကြည်ရေအိုးကိုမှန်သွား
လေသည်။ အောင်မငေးတော့…သူကြီး..ဘယ်လိုလုပ်လိုက်တာတုန်း..မရှိမဲ့ ရှိမဲ့ အဖေ့စိမ်ရည်အိုးလေးပါတော့..
ခုတော့အိုးစားကွဲပါပေါ့လား…လုပ်ရက်လေခြင်းတော့..သူကြီးရဲ့ ဟဲ့ဟဲ့ဟင်း.. ၊ဟဲ့ မောင်ချော နင့်ပထွေးတွေကို
ငါ့အိမ်ထဲက ခုရွေ့ခိုင်းလိုက် ..ငါသိမခံနိုင်တော့ဘူး…။မဌေးကြည် ငိုယိုနေတာမြင်ရတော့ သူကြီးစိတ်ရှော့ကာ
သူ့အိမ်ဘက်သို့ပြန်သွားသည် စက်ကိုလဲသူ့အိမ်မှာ ရွေ့ခိုင်းလိုက်၏။ ရေအိုးကိုလဲသူကြီးသား ဥာဏ်တင်လာပေးသွားသည်။ လူတွေလဲ သူကြီးအိမ်ဘက်သို့ ၀ိုင်းအုံသွားကြ၏။ အဲဒီအချိန်မှာ သူကြီးအသံစပေါ်လာသည်။..အားလုံးနားထောင်..စည်းဝေးပွဲစမယ် ဆွေးနွေးပွဲကတော့ ရွာသူရွာသားတွေသိ
ကြတဲ့အတိုင်းပါပဲ ..ဒီနှစ်မှာ နှစ်တိုင်းနဲ့မတူ တမူထူးခြားပြီး..ကိုယ့်ရပ်နဲ့ကိုယ့်ရွာ..ကိုယ့်ဇာတ်နဲ့ကိုယ်အထာဆို
တာ လိုပါပဲ..လူငယ်တွေဆန္ဒအတိုင်းအရပ်ဇာတ်ဖြစ်မြောက်ရေးအတွက်ပါပဲ…ကဲကျန်တာတော့မင်းတို့လူငယ်
တွေ ဆက်ပြီး ဆွေးနွေးကြပါ..။သူကြီးပြောအပီး မောင်ချောက မက်တက်ရပ်လိုက်သည်၊ အဟမ်း.အဟမ်း.ရွာသူ ရွာသား အပေါင်းတို့ခင်ဗျား..ကျုပ်တို့အရပ်ဇာတ်မှာကတော့..ဇာတ်ကြီးတွေလိုမဟုတ်
ပါဘူး..အဓိက ကတော့ပြဇာတ်ပါပဲ…အဲ ပြဇာတ်မကခင် အစဆုံးကတော့ စတိက်ရှိုးစမယ်…နောက် အော်ပလာတာ..၊ဟ ဘာအော်ပလာတာလဲ..သူငယ်ကြီးကျတာပြောနေတာမှာ။ အော် ချောတီး..ချောတီး
အော်ပဒါ အဲဒီအော်ပဒါပြီးရင် ပြဇာတ်ဟုတ်ကဲ့..ပြဇာတ်ကို အဓိကထားရမယ်..ပြဇာတ်အတွက်မင်းသားရွေး
ရမယ်..ကဲ မင်းသားမဲ့ကောင်တွေ မက်တက်ရပ်ကြစမ်း…။မင်းသားလုပ်မဲ့ကောင်တွေကို မောင်ချောက ပညာရှိပုံစံဖြင့်လိုက်ကြည့်၊ ..အင်း. မောင်ကောင်း..မောင်ကောင်း မင်းကရုပ်ကလေးကတော့မဆိုးပါဘူး
ဟင်းဟင်း..၊ဒါဖြင့် ငါမင်းသားလုပ်ရမယ်ပေါ့ဟုတ်လားမောင်ချော…၊အေးကွ တခုတော့ရှိတာက မင်းက မင်းသမီးခါးမှာမေးတပ်နေမှာဆိုတော့ မဖြစ်နိုင်သေးဘူးကွ။ ဟာကွာ..လီးမှပဲ..၊မောင်ကောင်းအားလျှော့ပြီး
ပြန်ထိုင်သွားသည်၊နောက်တယောက် ကုတုံး ကုတုံးက အရပ်ရှည်သည် ဒါ့ကြောင့်သူ့ကို မင်းသားရွေးလိမ့်မယ်
ဟု ယုံကြည်ထားသည် သို့သော် ဆရာကြီးမောင်ချောက အပြစ်ရှာပြန်သည်။ ဘယ်နှလဲ မောင်ချော..ဒီနှစ်မှာငါ
မင်းသားဖြစ်ပြီးမဟုတ်လားကွ..ဟားဟားဟား၊ နိုးနိုး နိုး မင်းကအရမ်ရှည်တယ် ရူပါဖြောင့်တယ်..ဒါပေမဲ့၊
ဒါပေမဲ့ဘာဖြစ်လဲကွ..၊ဘာဖြစ်လဲဆိုတော့ ..မင်းမှာက အနုပညာအရည်အသွေးမရှိဘူး..အဲဒီအတွက် မင်းကို
မင်းသားလုပ်ခိုင်းလို့မဖြစ်ဘူး..ကတုံး ၊ဟောဗျာ..ဒါဒါ..ဆိုဆို..ရင်ရင်..ငါငါ မင်းမင်း၊ သူကြီးကခင်မောင်ခေါင်းကို
တောင်ဝှေးနှင့်လှမ်းရိုက်သည်(တိန်)၊ ဘာလျှာရှည်တုန်းကွ…မင်းလို ဒစ်အ..က မင်းသားဖြစ်နိုင်မလားဟင်း..၊
ခင်မောင်ဌေး သူကြီးလက်ချက်ဖြင့် ငြိမ်ကုတ်သွားသည်၊ ကဲ ကဲ အားလုံးကို ကျုပ်ရှင်းအောင်ပြောမယ်..ကျုပ်တို့
ရွာမှာရှိကြတဲ့ လူငယ်လေးတွေဟာ ..အနုပညာအရည်ချင်းတစ်ယောက်မှာမှမရှိပါဘူးဒီတော့က..ဒီပွဲမှာ အနစ်နာခံတဲ့အနေနဲ့…ကျုပ်ပဲမင်းသားလုပ်မယ်..ရွာသူရွာသားတွေသဘောတူကြပါသလား…တူပါဒယ်ဂျို့…
တူပါဒယ်ဂျာ…။ ဦးဦးမောင်ချော ဆန်းခွေးအတွက် တစ်ကျပ်ပေးလိုက်အုံး…တူဂရသေးဘူး..။
ကလေးများအားလုံးသဘောတူပါတယ်ဆို၏၊ တူမှာပေါ့ မောင်ချောက ကလေးတွေကို မုန့်ဖိုးတစ်ကျပ်စီပေးပြီး
အော်ခိုင်းထားတာ ဒါကိုမောင်ပုကသိပြီး၊ရွာသူရွာသားတွေကျုပ်တို့သပြေပင်သူ သပြေပင်သားတွေဟာ အများတွက်ဆိုအနစ်နာခံတယ်ဆိုတာ အထူးပြောစရာမလိုပါဘူး… အခုမောင်ချောအနစ်နာခံတာကြီးကတော့
သဘာသမကျပါဘူး..ဘာဖြစ်လို့လဲဆိုတော့က ..ယနေ့ ဇာတ်သဘင်လောကကို တစေ့တစောင်းက ပြန်ကြည့်ရင်…ဘီအီးဒီ အောင်သိုက်တို့..ပန်ချီး လေးဝင်း တို့..ဇော်ဝင်းမောင်တို့ ဆိုတတွေဟာ ကျုပ်လိုခန့်ခန့်ညားညားမင်းသားတွေပါ..ထန်းနှပ်ပြားချောက်ရုပ်မျိုးက မရှိသလောက်ရှားပါတယ်..ငှဲငှဲ..ငှဲ သြော် မောင်ပု မင်းကငါ့ကို ထနှပ်ပြားချောက်လေး ဘာလေးနဲ့ မင်းလိုကြက်သူခိုးက မင်းသားမဖြစ်နိုင်ဘူး..၊
ဟေ့ကောင်မောင်ချော..အခုမှ သောက်ကျင့်ယုတ်ပြီးဖော်ကောင်းလုပ်တယ်..အဲဒီတုံးကမင်းကခိုင်းလို့ကွ… စားတော့ကြလဲ မင်းရယ် အောင်သိန်းရယ် မောင်နိုင်ရယ် သစ်လွင်ရယ် …ဇော်လွင်မန်းလေးကပြန်လာတဲ့ညကြီး
ထန်းရည်နဲ့မြည်းလိုက်ကြတာ ငါကတခါတည်းပဲစားတာကွ။ ဟိတ်ကောင်..မင်းခိုတာခိုးတာပဲ။ ကဲကွာခိုးတယ်ပြောဦး(ခွက်) မောင်ချောနဲ့ မောင်ပုတို့ကြောင့် ဆွေးနွေးပွဲက ရန်ပွဲဖြစ်သွားကြသည် သူကြီးအိမ် သူကြီးရှိနေလို့တော်သေးပါသည် ကြီးကြီးကျယ်ကျယ်မဖြစ်လိုက်ရ သူကြီးက နှစ်ယောက်စလုံးကို ထိတ်တုံးခက်လိုက်သည် တောင်ပိုင်းမှဆူဆူညံညံရန်ဖြစ်သံကြောင့် ဇော်လွင်ရောက်လာသည် ဇော်လွင်သည်မနှစ်က စပြီး ဘုရားပွဲကို သူစိတ်ဓာတ်ကျသွားသည် ဒါက သူ့ကိုယ့်ရေးကိုယ်တာကြောင့်ဖြစ်
သည်။ သူ့ကိုဒီနှစ်အရပ်ဇာတ်အတွက်ဦးဆောင်ခိုင်းသည် ဒါကိုခါးခါးသီးသီးညင်းဆန်ခဲ့သည် ယခုသူရောက်လာပြီး သူကြီးနှင့်တကွအားလုံးက သူ့ကိုအရပ်ဇာတ်အတွက်အကူညီတောင်းတော့သည်။
ကဲ မောင်ဇော်လွင် မင်းနှစ်လုံးသားရေးကိုဘေးမှာထားလိုက်ပါတော့ကွာ…ခုဟာက ဒို့ရပ်ရွာအတွက်တင်မကပါ
ဘူးကွ…၊တော်ဘီ ..တော်ဘီ..လုံလောက်ပြီ နားလည်တယ် ကျုပ်နားလည်တယ် ဒါပေမဲ့ ဟိုလိုဗျ ..ဟိုဒင်း
ဟိုဟာ ဒါကဒီလိုရှိ။ ဇော်လွင် အရက်မူးနေသည် သူနှင့်အတူသောက်လာသော စိန်ကျော်မြင့်ကသိလို့ သူကြီးအား မျက်ရိပ်ပြပြီးပြောရ၏။ သူကြီးဒီကောင် မူးနေပြီ..၊ ဟေ..ဟုတ်လား ဇော်လွင် မင်းမူးနေပြီပေါ့…
မူးပါဘူး..သူကြီးရယ် အေ့..အေ့။ ပါးစပ်က မမူးပါဘူးဟုဆိုတော့လဲ ပြောပြောဆိုဘုန်းခနဲပြစ်လဲသွားလို့ အားလုံးက ၀ါးကနဲ ရယ်ကြသည် သတိတော့မလစ်ပါ သူဟာ သူအားယူပြီးထသည်။
ဟေ့ကောင်တွေ ဘာရယ်တာလဲကွ ဒါရယ်စရာမဟုတ်ဘူး..ပြဇာတ်အတွက် မင်းတို့ကို အန်တီပြတာကွ… အိုက်တင်ကို အန်တီဆိုလို့ ရယ်ကြပြန်၏ ဇော်လွင်စိတ်တိုသွားသည်။ ငါ့စတိုင်လ်ကို အကောင်းမထင်ရင် ပြန်မယ်ကွာ..။ဟုဆိုကာ ထပြန်ရန် ပြင်လိုက်သည် ဒီတော့မှ သူကြီးက။
ဟေ့ဟေ့ အားလုံးငြိမ်ငြိမ်နေ…ကဲ မောင်ဇော်လွင် အားလုံးကိုခွင့်လွှတ်ပါကွာ ဒီကိစ္စမှာ မင်းပဲနားလည်တာ ဒီတော့ မင်းတော်သလိုသာ စီစဉ်ပါ။
အင်း သူက ဒီလိုဆိုတော့လဲ ဇော်လွင်တစ်ယောက် မင်းသားဖြစ်ရပေဦးတော့မပေါ့လေ …. ဟင်းနည်းနည်းလောက် မြှောက်မပြောလိုက်နဲ့ ပြောလိုက်တာနဲ့ ချက်ချင်းလေသံက မင်းသားပိုးဝင်သွားဘီ…။
ကိုဇော်လွင် (RBB)

ကျနော့ညီလေး(မောင်မျိုး)


ယခုလို ၀ါဆို ၀ါခေါင်လ ရောက်တိုင်းကျနော်တို့အညာဒေသရဲ့ ကျနော်တို့ကျေးရွာက ကျနော်တို့ မိသားစုထဲက ကျနော့ညီလေး(မောင်မျိုး)နဲ့ အတိတ်ကအကြောင်းရာတွေကို သတိရနေမိပါသည် သတိရတိုင်းလည်း ကျနော့ရင်မှာ နာကျင်စွာခံစားနေရပါသည် လူတဦး တယောက်သေဆုံးရတာ ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးသွားရတာတို့ဟာ တရားသဘောနဲ့ဆန်းစစ်ကြည့်လိုက်တော့ အဆန်းပြား တော့ မဟုတ်ပါဘူးပေါ့..ပျက်ချိန်တန်က ပျက်ရ သေချိန်တန်က သေကြရမည်ဆိုသည် သင်္ခါရသဘေားတရာကိုလည်း ကျနော်နားလည်ပါသည် သို့သော်လည်း ကျနော့်ညီလေး မောင်မျိုး အသေစောရသည်ကတော့ မသေသင့်သေးပါဘဲနှင့်သေဆုံးရသည်ဟုထင်မြင်မိပါသည်…
(ကျေးလက်ပြည်သူများ၏ဘ၀)
ဝါထပ်သည့်နှစ်များဆိုလျှင် ကျနော်တို့ အညာဒေသတွေမှာ မိုးခေါင်တက်ပါသည် ကျနော့ညီလေးသေဆုံးသော
နှစ်ကလည်းမိုးခေါင်သောနှစ်ပေါ့ မိုးခေါင်တော့ တောင်သူလယ်ယာသမားတွေ အသီးနှံမရကြပါ သီးနှံမရသည့်ပြင် အရင်းနှီးပင် ဆုံးရှုံးကြရသည် တောင်သူလယ်ယာသမားတွေ အသီးနှံမရတော့ ကျနော်တို့လို ကူလီလက်လုပ်လက်စားသမားတွေမှာလည်း အလုပ်ကိုင်မဲ့ပြီပေါ့ မိုးကမရွာ လေတွေသာဒလဟောတိုက်နေတဲ့ ခုလိုရာသီမှာ ကျနော်တို့ကျေးရွာမြောက်ဘက်မှာ တည်ရှိနေတဲ့ ယမားချောင်းကြီးကလည်း ဘယ်ရေမှစီးဆင်းမပေးနိုင်တော့ ကျနော်တို့ကျေးရွာရဲ့ ရွှေကျင်အလုပ်ဆိုတာကလည်း သိပ်မဖြစ်ကြဘူးပေါ့ ဒီတော့လည်း ရှိတာလေးတွေကို ထုခွဲရောင်းချပြီး ရှိသည့်ငွေကလေးနှင့်ဘဲ ချိုးခြံ ခြွေတာစားသောက်နေကြရတာပါ စားဝတ်နေရေးကြမ်းတမ်းပြီး အလုပ်အကိုင်မရှိတဲ့အချိန်မှာမှ ကျနော့ညီလေး (မောင်မျိုး)ရောဂါ ရ ရရှာတယ် ကျနော့ညီလေးရဲ့အသက်ဟာ (၁၃)နှစ်ပဲရှိသေးပါသေးတယ် ဒီအရွယ်ဟာ မြို့နေလူတန်းစားကလေးများမှာတော့ ကျူရှင်သွား ကျောင်းတက်တာက လွဲရင် မိဘတွေရဲ့ အရိပ်အောက်မှာ ပျော်ရွင်နေကြရမှာပါ ကျနော်တို့အညာကျေးလတ်ရဲ့ ကလေးသူငယ်တွေရဲ့ ဘ၀မှာတော့ ဒီလိုမဟုတ်ပါ မိဘများကိုယ်တိုင်ကလည်းသေစာ ရှင်စာဖတ်တက်ရေးတက်ရုံဆိုတော့ ပညာရဲ့တန်ဘိုးကို နားမလည်တာကတကြောင်း မရှိအားပြုနေရတာကတကြောင်းထင်ပါရဲ့ ကိုယ့်သားသမီးတွေကို အတန်းပညာကို ဆုံးခန်းတိုင်အောင် ထားမပေးကြပါဘူး အလုပ်အကိုင်မလုပ်နိုင်သေးတဲ့ အရွယ်မှာသာ ဘုန်းကြီးကျောင်းကို ကကာ ကိကီ ကုကူ ကံကော ဆိုတာလောက်ပဲသင်ကြားကြရတယ် ယောက်ျားလေးများမှာတော့ တော်သေးတယ် ဘုန်းကြီးကျောင်းကို ကိုရင်ဘ၀နဲ့ သင်ပုန်းကြီးကြေအောင် သင်ကြရတယ် ကျနော်တို့ကျေးလတ်တွေမှာ ရှင်ပြု နားသ လုပ်တာတွေကို မြို့ပြတွေလို ဆိုင်းတွေ ၀ိုင်းတွေ မဏ္ဍပ်ကြီးကြီးတွေနဲ့ချိမ့်ချိမ့်ညံအောင် လှူတဲ့အလှူက (ခုနောက်ပိုင်း)အင်မတန်ရှားတယ် နည်းတယ် အတန်တင့်ငွေကြေးကြွယ်ဝသူတွေလောက်သာ ဆိုင်းနဲ့ ဘိသိတ်အလှူကြီးပေးနိုင်ကြတာ အများအားဖြင့်ကတော့သားရှင်ဖြစ် ကန်တော့ပွဲတစ်ပွဲ သင်္ကန်းတစ်စုံ လောက်နဲ့ရှင်ပြုခြင်းကိစ္စပြီးကြရတာ ကိုယ့်သား ကလေးသာသနဘောင်မှာ ဦးပြေးတပြောင်ပြောင် သင်္ကန်းအရောင်လေး တလက်လတ်နဲ့တွေ့ရပြန်တော့လည်း မိဘတွေခမျမှာ စီးပွါးရေးအဆင်မပြေတာ ငွေကြေးအခက်အခဲရှိတာတွေကို ထည့်မတွက်နိုင်ခဲ့ကြတော့ပါဘူး သာသနဘောင်မှာ ကိုရင် ပျော်သလောက် နေပါဆိုပြီး ၀မ်းသာကြည်နူးစိတ်နဲ့ခွင့်ပြုကြရရှာပါတယ် ဒါပေမဲ့လည်း သာသန၀န်ထန်းရှင်ရဟန်း(ကိုရင်) လေးတွေခမျမှာ ဘ၀ပေးမရှိမှုကို သိလို့ပဲလား ကျေးလတ်နေရှင်သာမဏေလေးတို့ရဲ့ ချို့တည့်မှုကြောင့်ပဲလား ဆိုတာတော့မသိပါဘူး သာသနာတော်မှာ တစ်ဝါတော်မျှ မပျော်နိုင်ကြရှာပါဘူး ဒီတော့လည်း ရှင်လိင်ပြန်ကြရရှာပြီပေါ့ ရှင်လူထွက်လာကြတော့ လူကောင်းကြီးတွေကလည်းထွားကြိုင်း လာလိုက်ကြတာ ခုလိုကိုယ့်သားကလေးလူကောင်ထွားထွားကြိုင်းကြိုင်းကြီး ကိုရင်ဘ၀ကနေ လူထွက်လာပြန်တော့လည်း လုပ်အားတခုတိုးပြီဆိုတဲ့ အသိလောက်နဲ့ မိဘတွေခမျာ ပျော်ကြရရှာပြန်ပါတယ် ဒီလိုနဲ့ အညာကျေးလတ် ကလေးတယောက် လောကုတ္တရာနယ်ကိုငြင်းပယ်ပြီး လောကီဇယတ်အရှုတ်ထဲကို ကျရာကဏ္ဍကနေ က ပြရမကွဆိုတဲ့ ကံဇာတ်ဆရာရဲ့အလိုကျ အသုံးတော်ခံကြရသည်ပေါ့
(ဘာကြောင့်မောင် မျိုးသေရသလဲ)
ကျနော့ညီလေး(မောင်မျိုး)ရောဂါက ၀မ်းပျက် ၀မ်းရှောရောဂါပါ သူ့ရောဂါကိုကုပေးတာက ကျနော်တို့ အနောက်ဘက်ရွာက ဆရာပါ အဲဒီအချိန်က အဲဒီဆရာဆိုတဲ့ ပုဂ္ဂိုလ်ဟာကျေးလတ်ကျမ္မာရေးမှူးလားဆိုတာ ကိုတော့မသိပါ ဆရာဝန်(ဒေါက်တာ)မဟုတ်တာကတော့သေချာသည် ရှေ့ကပြောခဲ့သည့်အတိုင်းကျနော်တို့ ကျေးရွာနေ ဆင်းရဲသားပြည်သူတွေရဲ့ဘ၀ဟာ လူဖြစ်ရှုံးသည်ဟုပင်ဆိုရမလိုပင် ဘာကြောင့်ဆိုသော် ငယ်ရွယ်သည့်ကလေးသူငယ်လေးတွေကိုပင် သူ့အရွယ်အလျှောက်နိုင်ရာတာဝန်ကိုထမ်းဆောင်ကြရပါသည် ယခုကျနော့ညီလေး မောင်မျိုး (၁၂၊ ၁၃)နှစ် အရွယ်ဟာလည်း သူလုပ်နိုင်သည့် ထင်းခွေ ရေခက် ၀တ်စာခူး နွားစာရိတ် နွားစာစင်း နွားကျောင်း စသည်စသည့်အလုပ်တွေကိုလုပ်ရ ရှာပါသည် ယခုလည်းကျနော့ညီလေး ခမျာ နွားကျောင်းရင်းတောထဲမှာ ၀မ်းတွေရှောရှာသည် ကျနော့ညီလေး ၀မ်းရှောသည်ကို သူ့သူငယ်ချင်း အဖော်ကလေး တယောက်ကလာပြောတော့ ကျနော့ အဖေက အမောတကောနဲ့တောထဲလိုက် သွားခေါ်လာခဲ့သည် အိမ်ရောက် ရောက်ချင်း ဆေးမြီးတိုလေးများဖြင့် အဖွားတို့အမေတို့ကပြုစုနေသည် အဖေကတော့ ဆေးဆရာကိုသွားပင့်လေသည် ဆရာရောက်ရောက်ချင်း ဆရာလည်းဝမ်းရောဂါနှင့် ပတ်သက်သည့်ဆေးများကိုတိုက်ကျွေးသည်ထင်သည် နောက် ဆလိုင်းချိန်သည် နောက်တရက်ကုန်တော့ ကျနော့ညီလေးဝမ်းရောဂါရပ်သွားသည် သို့သော် ကျနော့ညီလေးမှာ ဗိုက်ကြီးဖောင်းကားလာပြီ အသက်ရုတွေလည်းကျပ်လာသည် ဝေဒနာပိုဆိုးလာသည် အသက်ရှုမှုပိုကျပ်လာပြီး စကားတောင်မပြောနိုင်သောအခြေအနေသို့ရောက်နေရှာသည် အချိန်မဆန့်ခံစားနေရသော ကျနော့ညီလေး၏ ရောဂါကို ဘာရောဂါလဲဆိုတာ ဘယ်သူမှ မသိကြပါ ဆရာဝန်ဆိုသူ ကိုယ်တိုင်တောင် ဘာရောဂါဟု အသံမထွက် မှတ်ချက်မပေး မချိတင်ကဲ ရောဂါဝေဒနာကိုခံစားနေရရှာသော ကျနော့ညီလေးကိုကြည့်ရှု့ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ စိတ်တွေယောက်ယပ်ခတ်နေသည် တချို့သော လူကြီးများမှလည်းတောထဲမှာဖြစ်တာဆိုတော့ ပယောဂ ဖြစ်နိုင်တယ် ဆိုပြီးပယောဂဆရာကိုလည်းပင့်ကြသည် ပယောဂဆရာရဲ့ကုသမှုကိုပါခံယူပါသော်လည်း ကျနော့ညီလေးရဲ့ ရောဂါမှာပိုပြီးသာဆိုလာသည် ဒီအတိုင်းသာဆိုလျှင် ကျနော့ညီလေးဟာ နေ့လား ညလားမသိ အသက်ဆုံးရှုးံရတော့မည် ဒီလိုအနေထားမျိုး မှာ တချို့က အကြံဥာဏ်ပေးလာသည် မုံရွာသို့သွားကုရန်ဖြစ်သည် ဆေးဆရာကလည်း ထိုသို့အကြံပေးသည် ဒီအချိန်မှာတော့ ကျနော့အဖမှာ ကြံရန်မသိဖြစ်နေရှာလိမ့်မည်ထင်သည် မုံရွာသို့တက်ပြီးဆေးကုသရန် ဆိုသည်မှာကျနော်တို့လို ငွေကြေးမပြည့်စုံသူများအဖို့ အင်မတန်ကိုမှ အခက်အခဲတစ်ခုဖြစ်ပါသည် ယခုကုသနေသော ဆေးဆရာကိုတောင်မှ လက်ငင်းဆေးဖိုးပေးရန်ငွေမရှိလို့ အိမ်မှာရှိသည့် ၀က်ကလေးရောင်းပြီးမှ ငွေပေးပါမည်ဟု တောင်းပန်ထားရသည် ဒီအခြေမျိုးမှာ ပတ်ဝင်းကျင်မှ ချေးဖို့ ငှားဖို့ဆိုရာလည်းမလွယ်ရေးချမလွယ်ပါ အားလုံးမှာ သူလိုကိုယ်လို ဘ၀တူလူတွေသာဖြစ်နေသောကြောင့်ပါ ငွေမဟုတ်ဘူး လုပ်အားလိုတယ်ဆိုလို့ကတော့ တရွာလုံးအုံးအုံးကြွပ်ကြွပ်ဖြစ်လိမ့်မည် ငွေလိုမည်ဆိုတော့ အားလုံးမှာစိတ်မကောင်းမှုမျက်နှာထားလေးတွေနဲ့ဖြစ်နေကြပါသည် ကျနော်တို့မှာရှိသည့်နွားကလေးများ ရောင်ရန်ဆိုသော်လည်း ယခုလိုအချိန်မှာ ၀ယ်မည့်သူရှိလိမ့်မည်မထင် ရွှေထည်ပစ္စည်းဆိုလျှင်သာ ပေါင်လို့ ရောင်းလို့လွယ်ကူသည် နွားတို့ဝတ်တို့ဆိုတာက ရောင်းဖို့ရာအတွက် ခက်ခဲသလို ပေါင်လို့ကလည်းမရပြန် ကျနော်တို့တတွေ စဉ်းစားတွေဝေနေတုန်းအချိန်မှာဘဲ ကျနော့ညီလေး(မောင်မျိုး)ဟာ ကျနော်တို့မိသားစု ကျနော်တို့သပြေပင်ဆိုတဲ့ ရွာကလေးက သူ့ဆွေမျိုး အပေါင်း အဖော်တွေနဲ့ ဝေးရာ သမလွန်ဆိုတဲ့ဘ၀ကို ပြောင်းသွားရှာပါပြီ မိသားစု ညီကို မောင်နှစ်မတွေ (အပေါ်ကို)စိတ်ဆင်းရဲအောင်ဘယ်တုန်းကမှ မလုပ်ခဲ့တဲ့ကလေး အကြီးအကဲတွေရဲ့ ဆိုဆုံးမမှု့ကို အလေးအမြတ်ထားလာကိုက်နာခံယူ ကျင့်သုံးခဲ့တဲ့ကလေး သူ့အတွက်နှင့် ပတ်ဝန်းကျင်အပေါ်စိတ်ဆင်းရဲမှုမရှိစေလိုသော ကလေးလေးတယောက် ခုလိုငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးရှုံးသွားရတာ အများအမြင်တော့ ဘယ်လိုရှိမယ်ဆိုတာကိုမသိပေမဲ့ အကိုဖြစ်သူ ကျနော့မှာတော့ ယနေ့ထိ တမ်းတ လွမ်းဆွတ်နေဆဲပါ ကျနော်တို့တစ်တွေရဲ့မိသားစုတွေ ကျနော်တို့ကျေးရွာ အတွင်းက ကျေးရွာသူ ကျေးရွာသားတွေမှာ ကိုယ့်မိသားစုနဲ့ ကိုယ့်ကျေးရွာ ကိုယ့်ပတ်ဝန်းကျင်က လူအများအပေါ် စွန့်လွှတ်စိတ် ခွင့်လွှတ်စိတ် အနစ်နာခံစိတ်ရှိသူတွေဖြစ်လာစေချင်ပါ တယ် လူအများဟာ အဲဒီစိတ်ထားမျိုးတွေ မွေးနိုင်ကြမယ်ဆိုရင် အားလုံးဟာ သာယာကြည်နူးစရာတွေ ဖြစ်လာလိမ့်မယ်လို့ထင်မိပါတယ်…..။
ကျနော်ညီလေး ကွယ်လွန်ခဲ့တာယခုဆိုရင် (၁၈)လခန့်ရှိခဲ့ပါပြီ သေသောသူကြာရင်မေ့ဆိုသလို အားလုံးရဲ့ ရင်ထဲမှာလည်း မေ့ပျောက်နေကြပါပြီ ဒါပေမဲ့လည်း တခါတရံ သတိရမိကြတဲ့ အခါမှာတော့ သူ့ရဲ့ကောင်းမှု မကောင်းမှုလေးတွေကိုမြင်တက်ကြပါတယ် ကျနော်လည်း ကျနော့ညီလေးကိုသတိရမိတဲ့ အခါတိုင်း သူ့အသက်အရွယ်လေးနဲ့ ကျနော်တို့မိသားစုအပေါ် သူ့ပတ်ဝန်းကျင်က သူ့အပေါင်းအဖော်ကလေးတွေပေါ် ထားတက်တဲ့ ထားခဲ့တဲ့စေတနာ စိတ်ရင်းလေးတွေကို ပြန်လည်မြင်ယောင်ပြီး ကျန်ရှိနေကြတဲ့ ကျနော်ရဲ့ညီငယ် ညီမငယ် လေးတွေနဲ့ ကျနော်တို့ကျေးရွာမှ မျိုးဆက်သစ် ကလေးငယ်လေးတွေ သိစေချင် အတုယူစေချင်တဲ့ စေတနာနဲ့ရေးလိုက်မိပါတယ် ကျနော်တို့ ကလေးအရွယ် ကျနော့်ညီလေး ကွယ်လွန်တဲ့နှစ်က ကျနော်တို့(ရွာ)ဒေသတွေမှာ စားဝတ်နေရေး အင်မတန်ကျပ်တည်းတဲ့နှစ်ပေါ့ ကျနော်တို့မိသားစားက (၆)ယောက် ကျနော်ကတော့ အကြီးဆုံးဆိုတော့ အဖေတို့ အမေတို့လိုအပြင်ဝင်ငွေရမည့် အလုပ်တွေကို လုပ်နိုင်နေပါပြီ ကျနော့နောက်က ညီတယောက်ကတော့ မြို့က လဘက်ရည်ဆိုင်မှာနေပါတယ် အိမ်မှာအဖေရယ် အမေရယ် ကျနော်ရယ် မောင်မျိုး (ကွယ်လွန်သူ) ရယ် နောက် အငယ်ဆုံး ညီမလေး ငါးယောက်ထဲမှဗာ လုပ်နိုင် ကိုင်နိုင် တဲ့သူက သုံး ယောက်လို့ ဆိုပေမယ့် အခြေခံ မရှိတဲ့ မိသားစုတွေ အဖို့ အခုလို အလုပ်ကိုင် ရှားပါးတဲ့ အချိန်ခါမျိုးမှာ စားတ်နေရေးဟာ ဘယ်ဖူလုံပါ့မလဲ ..။ကျနော်တို့ လူကြီးတွေ ပင်ပင်ပမ်းပမ်း အလုပ်ကိုင်လုပ်ရသလို ငယ်ရွယ်သူဖြစ်တဲ့ ကျနော့် ညီငယ် မောင်မျိုး လေးခမျာမှာလည်းပင်ပမ်းကြီးစွနြဲ့ သူနိုင်ရာ အလုပ်တွေကို မိဘတွေက မခိုင်းရက်လို့ အလုပ်မခိုင်းပေမယ့်.အလိုက်သတိနဲ့ လုပ်နေရှာပါတယ် အိမ်အတွက် သောက်ရေခတ်တယ် ၀တ်စာခူးတယ် ထင်းခွေတယ် နွားစာရိပ်တယ် နွားကြောင်းတယ် တကယ်တော့ ကျနော့်ညီငယ်လေး အရွယ်နဲ့ ဒီအလုပ်တွေဟာ အင်မတန်ကိုပင်ပမ်းရှာပါတယ် ဒါတင်မကသေးဘူး ကျနော်တို့ အလုပ်သွားရင် အိမ်မှာကျန်ရစ်တဲ့ ညီမငယ်လေးကို လည်း ထိန်းရရှာသေးတယ် ထမင်းဟင်းကလည်း တခါတရံ ချက်ရရှာသေးတယ် ထမင်းဟင်းနည်း (နဲ)တဲ့ အခါမှာဆိုရင် ကျနော်တို့ တတွေကိုသာ အပြည့်အ၀ကျွေးပြီး သူကတော့ စားပြီါ်သလိုလို ဗိုက်မဆာသလိုလိုနဲ့ ဗိုက်ဝအောင်ထမင်းမစားရတဲ့ အခါမျိုးတွေလည်းရှိခဲ့ဖူးတယ် ကိုယ့်မိသားစု ညီကိုမောင်နှမတွေ အပေါ်အဲလောက်ထအောင် အနစ်နာခံစိတ်ရှိတဲ့ ကျနော့်ညီလေး လူမှုဆက်ဆန်ရေး မှာလည်းရွာထဲက လူကြီးလူရွယ် လူငယ်လူလတ်အားလုံးနဲ့ လိုက်ဖက်အောင်နေတက် ပြောတက်တဲ့ ကျနော့်ညီလေး အိမ်ကို ဧည့်သည်လာရင်လည်းကျနော်တို့ အကြီးတွေတောင်နားမလည်ခဲ့တဲံ ဖော်ရွေစွာ ဆက်ဆံရတဲ့ ဧည့်ဝတ်ကျေမှုတွေကိုလည်း သင်ကြားမှုမရှိပါပဲကျနော့်ညီလေးဟာ သိတက်ရှာတယ် ထိုင်ပါဦး ရေနွေးသောက်ပါဦး ဆေးလိပ်သောက်ပါဦး အဖေက ဘယ်သွားနေလို့ပါ အမေက ဘာလုပ်နေပါတယ် စသည်အားဖြင့်ပေါ့ ကျနော်တို့မိသားစုအပေါ်အနစ်နာခံသလို သူ့ပတ်ဝန်းကျင်သူ့ အပေါင်းဖော်တွေ အပေါ်ကိုလည်း အနစ်နာခံသူ တက်နိုင်သည့် ဘတ်မှ အကူညီပေးသူပါ ထင်းခွေ နွားစာရိပ်ရာ ဘယ်နေရာမဆို အတူသွား သူ အဖော်ပေါင်းတွေကိုအတူတူရအောင် ကူပေးတယ်လုပ်ပေးတယ်
အိမ်မှ စားစရာလေးများထန်းလျက်လေးများပေးလိုက်ရင်လည်း အတူပါသူ အပေါင်းဖော်တွေကိုဝေငှကျွေးတယ် ပေးတယ် အလှူပွဲ ဘုရားပွဲရှိသည်အခါမျိုးတွေမှာဆို အ၀တ်သစ်ဝတ်စရာမရှိကြသော သူ့အပေါင်းဖော်လေး တွေကို သူ့အ၀တ်ကလေးတွေ(အမြဲမ၀တ်ပဲသိမ်းထားရသော)ကိုကျနော်တို့အကြီးတွေမသိအောင် ၀ှတ်ယူပြီး သွားပေးရှာသည် သူ့ပတ်ဝန်းကျင်လူများအပေါ်အဲလောက်ထိအောင် ကူညီရိုင်းပင်းလိုစိတ်ရှိသောကျနော့ညီ လေး သူ့အတွက်နဲ့မိသားစုစိတ်ဆင်းရဲစရာမှာ ဒုက္ခရောက်မှာကိုဘယ်လောက်ထိအောင်စိုးရိမ်စိတ်ရှိခဲ့တယ် ဆိုတာကို သူဝမ်းရှောသောနေ့က သူ့အဖော်လေးတစ်ယောက်ကိုပြောသောစကားအရမှန်းကြည့်နိုင်သည် သူငယ်ချင်း ငါဝမ်းလျှောနေတာကို ငါ့အဖေ အမေတို့ကိုမပြောပါနဲ့ကွာ .တဲ့ ဒီစကားလေးတစ်လုံး ဟိုတုန်းကတော့ ကျနော့ရင်မှာမဆင်ချင်ခဲ့မိပါဘူး ခုနောက်ပိုင်းကျမှ ဆင်ချင်ကြည့်မိတော့ သြော် အရွယ်နဲ့မလိုက် တော်တော်ကိုလေးစားထိုက်တဲ့ ကျနော့ညီလေးပါလားရယ်လို့ အတွေးကလေးးပေါ်လာတယ် ကျနော်တာ ဒီစိတ်မျိုးရှိခဲ့မယ်ဆိုရင် ကျနော်တို့ တမိသားစုလုံးသာ ဒီစိတ်မျိုးရှိခဲ့မယ်ဆိုရင် ကျနော်တို့ တစ်ရွာလုံးကလူတွေသာ ဒီစိတ်မျိုးမွေးနိုင်ကြမယ်ဆိုရင် ကျနော်တို့မိသားစုတွေ ကျနော်တို့ရွာသူရွာသားတွေ ကျနော်တို့ပတ်ဝန်းကျင်တွေမှာ သာယာမှု ငြိမ်းချမ်းမှုတွေနဲ့ ပြည့်စုံလာလေမလားရယ်လို့ မျှော်လင့်ရင်း ကျနော့ညီလေး မောင်မျိုး ရောက်ရာဘ၀မှာ သာယာငြိမ်းချမ်းမှုတွေနဲ့ ရွှင်လန်းနိုင်ပါစေလို့ မေတ္တာပို့အမျှဝေရင်း နတ်လူသာဓုခေါ်စေသော်……………….(း
(သတ္တ၀ါအားလုံးကျမ္မာချမ်းသာကြပါစေ)
 ကိုဇော်လွင် (RBB)