စာပြေး

သပြေပင်ကျေးရွာ စုစည်းရာမှ ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါသည်

Tuesday, February 12, 2013

ကျွန်နော်မျှော်မှန်း ကောင်းရာလမ်း


ကျေးလက်အညာက ကျနော်တို့’’ သပြေပင်’’ ဆိုတဲ့ ရွာကလေးကနေ မန္တလေးမြို့ကြီးကို ကျနော်ရောက်နေတာ ဆယ်စုနှစ် တခုကျော်ခဲ့ပါပြီ ဒီကြားမှာတော့ ရွာမှာဘုရားပွဲရှိတဲ့လကိုတော့ဖြင့်တနှစ် တခေါက်တော့ ရောက်အောင်ပြန်ဖြစ်ပါတယ် ကျနော်တို့ရွာမှာတော့ ဘုရားပွဲဆိုတာ တစ်နှစ်မှတခါဘဲ လုပ်ကြတယ်လေ အဲဒီရက်ကိုတော့ဖြင့် ကျနော်လို့ ရွာနဲ့ခွဲခွါပြီး အနယ်နယ် အရပ်ရပ်မှာ အကြောင်း မျိုးမျိုးနဲ့ ရောက်ရှိနေကြသူတိုင်းဟာလည်း အဲဒီဘုရားပွဲရက်ကလေးကိုတော့ဖြင့် ဇာတိချက်ကြွေ ကိုယ့်မွေးရပ်မြေလေးဖြစ်တဲ့ သပြေပင်ဆိုတဲ့ ရွာကလေးကိုတော့ ပြန်လာတက်ကြစမြဲပေါ့….
သပြေပင်ဆိုတဲ့ ကျနော်တို့ရွာကလေးဟာ ကျနော်တို့ငယ်ငယ်တုန်းက အိမ်ခြေသုံးဆယ်ကျော်ကျော် သာရှိပါတယ် နီးနားပတ်ဝန်းကျင်မှာကျနော်တို့သပြေပင်ရွာကလေးဟာ အသေးငယ်ဆုံးရွာကလေး တစ်ရွာပေါ့ ရွာကလေးက သေးငယ်သလောက် လူနေမှုစရိုက်တွေက အင်မတန်ကြမ်းတမ်းကြပါတယ် အများစုကတော့ ရွာမြောက်ဖက်က ယမားချောင်းကြီးကို အမှီပြုပြီးရွှေကျင်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်…ဖားရိုက် ငါးနှိုက် သားသက် ဆိုတဲ့ ပါဏာတိပါတကံကိုချိုးဖောက်တက်သောသူတွေရှိသလို သူရာမေရယဆိုတဲ့ သေရည်သေရက်သောက်ကြူးတဲ့ အမူးသမားတွေလည်းရှိခဲ့ဖူးလေရဲ့ ဒါ့ဖြင့် တအိမ်နဲ့တအိမ် တဦးနဲ့တယောက်မောဟ အမှောင်တွေဖုံးလွှမ်းပြီး ခက်ထန်တဲ့ဒေါသတွေနဲ့ ရန်ပွဲတွေဆိုတာလည်း နေ့စဉ်လိုလိုရှိနေချေရဲ့ ကျနော် ကျေးရွာသူကျေးရွာသားတွေဟာ ဗုဒ်ဓဘာသာ မြန်မာလူမျိုးတွေ ဖြစ်နေပါရဲ့မြတ်ဗုဒ်ဓရဲ့အဆုံးအမတွေနဲ့ သွေဖယ်နေကြရောတဲ့ အဓိက အကြောင်းရင်းကတော့ ပညာရှိသူတော်ကောင်းတို့ရဲ့ သွင်သင်ဆုံးမမှုမရှိတာရယ် စာပေ အတက်ပညာ သင်ကြားခဲ့ရမှု မရှိတာတိုရယ်ကြောင့်လို့ပဲ ထင်မြင်မိပါတယ် လွန်ခဲ့တဲ့ ကျနော်တို့ အဖေရွယ်ငယ်ငယ် အဖိုးအဖွားတိုခေတ် အခါတုန်းကတော့ ဘန့်ဘိုးဆိုတဲ့ ရွာရဲ့ ရွာဦးဘုန်းတော်ကြီးကျောင်းမှာ ကျနော်တိုသပြေပင်၇ွာမှ ဘုန်းတော်ကြီး ဦး(……………).ဆိုတာ ကျောင်းထိုင်ကြီးတစ်ပါးပေါ့ အဲဒီတုန်းက ဘန့်ဘိုးသပြေပင် ရွာသူရွာသား ကလေးသူငယ်များဟာ ကျနော်တို့ဘကြီးတော်ဘုန်းကြီးရဲ့သွန်သင်ဆုံးမမှု စာပေသင်ကြားမှုတွေကို ခံယူကြရဟန်တူပါရဲ့ အဲဒီတုန်းက ဘန့်ဘိုးနဲ့သပြေပင် ဆိုတာလည်း နှစ်ရွာတစ်ရွာ ပေါင်းစည်းလို့ ညီညွတ်မှုတွေနဲ့အပြည့်နဲ့ပေါ့ ဘန့်ဘိုး သပြေပင် ကင်းကဲ ဓမ္မသာရဆိုတဲ့ ဒီ(၄)ရွာဟာ တစ်အုပ်စုတည်း ရွာတွေပေါ့ ဒီထဲမှ ဘန့်ဘိုဆိုတဲ့ရွာတစ်ရွာဟာ အုပ်စုရွာကြီပေါ့ ဒီလေးရွာထဲမှာ ကျနော်တို့သပြေပင်ရွာကလွဲရင် ကျန်သုံးရွာစလုံးမှာ ဘုန်းကြီးကျောင်း မူလတန်း(အစိုးရ)စာသင်ကျောင်းများရှိကြပါတယ် မရှိတဲ့ ကျနော်တိုရွာကလေးကတော့ ရွာမှာ အလှူပွဲ ဘုရားပွဲ ဖြစ်တဲ့အခါတိုင်း ရှေးယခင်ကတည်းက ဘန့်ဘိုးကရွာဦးဘုန်းတော်ကြီးကျောင်းမှာပဲ အလှူပေး ရေစက်ချ အမျှဝေလို့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့ကြရပါတယ် လောကဓာတ်စာပေ အတန်းပညာသင် ကြာရာမှာလည်း ထို့အအတူပါပဲ အုပ်စုရွာဖြစ်တဲ့ ဘန့်ဘိုးရွာကိုပဲ အမှီပြုခဲ့ကြရပါတယ် ဒါပေမယ့်လည်း ကျနော်တို့ငယ်ငယ် စာသင်ရမဲ့ အရွယ်မှာတော့ ကျနော်တို့ အမှီပြုရမဲ့မူလတန်းကျောင်းကြီးဟာ ဘယ်ကျောင်းဆရာ ဆရာမ ကမှ လှည့်မကြည့်ချင်လောက် အောင် အိုမင်းယိုယွင်းပျက်စီးနေလျှက်ရှိပါတယ် ဒီတော့လည်းကျောင်းဆရာ ဆရာမ မမြဲတဲ့ဒုက္ခ စာသင်ကျောင်းသား ကျောင်းသူမရှိဖြစ်မှုတွေဟာ ကျနော်တို့ရပ်သူ ရွာသားများရဲ့ အသိဥာဏ်နည်း(နဲ) မှုလို့ပဲဆိုရလေမလား ရပ်ရွာကိုအုပ်ချုပ်နေတဲ့လူကြီးမင်းများရဲ့ ပေါ့လျှော့မှုလို့ပဲပြောရမလား စာသင်ကျောင်းဆောင်ကြီးပျက်စီးနေတာကို ကိုယ့်နဲ့မဆိုင်သလို ဖာတိဖာသာနေ နေကြပေမဲ့ လူသူကင်းပြီး ပြောင်းရှင်းနေတဲ့ ကျောင်းဝန်းကြီးထဲမှာတော့ ဘယ်သူတွေက ဘယ်လိုပိုင်ဆိုင်းသွားကြမလဲမသိဘူး နှမ်းပေါ်ချိန်ဆို နှမ်းသလင်းပြင်ဖြစ်လိုက် စပါးပေါ်ချိန်ကျပြန်တော့လည်း စပါးသလင်းပြင်ဖြစ်လိုက်ပြန်ရော တခါတခါဆိုနွားသင်းကုတ်တောင်ဖြစ်သွားပြန်တယ် ပညာရေးဘက်မှာအဲသလောက်မရှု့မလှဖြစ်နေသလို ဘုန်းတော်ကြီးကျောင်းဘက်မှာလည်းစဉ်းစားကြည့်ဦး အတန်းကျောင်းမှာစာမသင်ကြလို့ဘုန်းကြီးကျောင်းမှာ များစုပြုံနေကြပြီးလားရယ်လို့အထင်မမှားလေကြနဲ့ ဘုန်းကြီးကျောင်းကျ ပိုဆိုး ကျောင်းသား ကိုရင်မြင်ရဖို့ မပြောနဲ့ ကျောင်းထဲဝင်ရင် တစ္ဆေပင်ချောက်လေမလားရယ်လို့ သံသယ၀င်မိလိမ့်မယ် ဟုတ်တယ်လေ တစ်ကျောင်းလုံးမှဘုန်းကြီးတစ်ပါးထဲရှိတယ် ရှိတဲ့ဘုန်းကြီးကလည်းကျောင်းထိုင်လို့သာပြောတာ ကျောင်းကပ်တဲ့အချိန်ကနည်းနည်းရယ် ဒေသစာရီကြွချီနေတာကများတယ် ဆရာတော် ဒေသစာရီကြွနေတာများလို့ ကျောင်းသားကိုရင် မမြဲတာလား ကိုရင် ကျောင်းသားမရှိလို့ ဆရာတော်ဒေသစာရီ အကြွများနေတာလားဆိုတာတော့ မပြောတက်ဖူး…အဲဒီဆရာတော်ကျောင်းထိုင်သွား တာ ဘယ်နှနှစ်ထိရှိလဲဆိုတာတော့မသိပါဘူး ဘုန်းကြီးကျောင်းထိုင်သွားတဲ့နှစ်မပြောနဲ့ ဘုန်းကြီး ဘွဲ့ကိုတောင်ကျနော်ဖြင့်မသိပါဘူး ကျနော်တို့မှာလည်းအဲလောက်ထိအောင်ဘုန်းကြီးနဲ့နီးနီးစပ်စပ်ရှိတာ ဆရာ ဒကာ ညီတယ်လို့ဆိုရမလားပဲ ဘုန်းကြီးဘွဲ့ကိုကျနော်မသိသလိုအခြားသူတွေလည်းသိမယ်မထင် ဘူးဗျ ဘာဖြစ်လို့လဲဆိုတော့ ဆရာတော်ကို ဦးကျော်လွင်လို့ပဲအသိများကြတယ် နောက်ပြီးဆရာတော် ဦးကျော်လွင်ဟာ ရခိုင်လူမျိုးလို့တော့သိရတယ် ဒါလည်းတယောက်စကားတယောက်နားနဲ့ပဲကြားတာပါ ဘယ်သူမှ ဂဂနနတော့သိဟန်မတူပါဘူး အဲဒီဦးကျောင်းလွင်လက်ထက်မှာကောင်းကွက်ကလေးတွေလည်း ရှိခဲ့ပါတယ် ထင်ရှားတဲ့ သာဓက တခုကတော့ ဘုရားဝိုင်(ပရိဝုဏ်)ပတ်ပတ်လည်မှာ ပြည်သူအများကောင်မှုနဲ့ တံတိုင်းတွေခက် စေတီတွေကိုပြုပြင်မွမ်းမံ ဒါတွေကတော့ ယခုလက်ရှိအချိန်ထိ လူကြီးတွေမှတ်မိနေကြဦးမယ် ထင်ပါတယ် အဲ…ဦးကျော်လွင်နဲ့ကျနော်တို့ရဲ့အဖြစ်ပျတ်လေးတခုကိုဖြင့်သိခဲ့ဖူးတဲ့လူများမေ့နေကြမယ်ထင် ပါတယ် ကျနော်ကတော့မမေ့သေးဘူးဗျ ဒါပေမယ့်လည်း ဘယ်သူနဲ့မှလည်း စကားမစပ်မိလို့ မပြောဖြစ်ခဲ့ဖူး ပါဘူး အဖြစ်ကဒီလိုဗျ ၈၈ အရေးခင်းကာလကပေါ့အဲဒီတုန်းက အများနည်းတူ ကျနော်တို့ကျေးရွာမှာလည်း ပိုက်ဆံရှိပြီး ဆန်ဝယ်မရလို့ထမင်းအစား တခြားအသီးနှံ အစိ(အစေ့)အဆံတွေကိုပြုပ် သုပ်စားနေကြရတဲ့ အချိန်ပေါ့ တနေ့မှာ တော့ ကျနော်တို့မျှော်လင့်မထားတဲ့ အသံတစ်သံကြားရတယ်ဗျ အဲဒီအသံဆိုတာက ခင်ဗျားတို့ ကျနော်တို့လို သာမန်လူအသံပါပဲ ထွက်ပေါ်လာတာက ဘုန်းကြီးကျောင်း ခြင်္သေ့ကြီးနှစ်ကောင် ကြားကနေ ကျနော်တို့ရွာဘက်ကို မျက်နှာမူပြီး အော်နေတာ အော်သံက သုံးလေးခါလောက်ရှိမယ်ထင် အော်သံလည်းတိတ်သွားရော ဘယ်ပြောကောင်းမလဲ ကျနော်တို့ရွာက ကလေးတွေများ ကျနော်အပါဝင် တွေ့ကရာ ဇွန်း ဇလုံကိုယ်စီ ဆွဲပြီး ဘန့်ဘိုးကျောင်းဆီချီတက်လာလိုက်ကြတာများ ပျော်စရာလေးကိုဖြစ်လို့ မပျော်နိုင်ရိုးလားဗျ ခုနက အော်တဲ့အသံဆိုတာ ဦးကျော်လွင်(ဘုန်းကြီး)ကနေ ကပ်ပိယကို သပြေပင်ကကလေးတွေ ဂျုံယိုသောက်ရအောင်ကိုယ့်ဇွန်း ဇလုံယူပြီးလာခဲ့ကြလို့ခေါ်ခိုင်းလိုက်တာ အဲဒီအချိန်က ဂျုံယိုဆိုတာကိုအ၀ အပြဲသောက်ရဖို့ဆိုတာက သိပ်လွယ်တာမဟုတ်ဘူးရယ် အဲလိုမလွယ်တဲ့ အချိန်မှာဘုန်းကြီးက ဂျုံယိုဆိုတာကိုတိုက်တယ်ဆိုတော့  ကလေးတွေအားလုံးပျော်ကြတာပေါ့ …ဒါပေမဲ့ ကျနော်တော့ မပျော်လိုက်ရပါဘူးဗျာ ကျနော်တင်မပျော်တာမဟုတ်ပါဘူး မောင်ချောနဲ့ တရားခံကောင် ဟံစိန်လည်း ပျော်မယ်မထင်ဘူးဗျာ ဟံစိန်ဒင်းကိုဘာကြောင့် တရားခံကောင်ကိုလို့ပြောလည်းဆိုတော့ ပြုံးပျော်ဆဲ ကျနော်တို့ မျက်နှာကိုမဲ့သွားအောင် ဒီကောင်လုပ်လိုက်တာရယ် ငိုက်မရှက် ငတ်မရှက် ဆိုတာကိုလည်း ဒီကောင်က သက်သေပြလိုက်တယ်လို့ပဲ ဆိုရမလိုလိုပါ အကြောင်းက ဒီလိုဗျ သောက်လက်စဂျုံယို တစ်ပန်းကန်ကုန်လို့ နောက်ထပ် ထပ်ထည့်ခိုင်းဖို့ရာအသွားမှာတန်းစီသွားရတယ် အဲဒီချိန်မှာ မင်းသားက သူကိုင်ထားတဲ့ ဇွန်းကိုလျှာနဲ့ယက်လိုက်သလေ ဒါကို ဘုန်းကြီးကမြင်တော့ သူ့နောက်ကရပ်နေတဲ့ ”မောင်ချော”နဲ့ ကျနော်ပါ ကံဆိုးသွားတာပေါ့ဘာကြောင့်လဲဆိုတော့ အဲဒီနေ့က ကျနော်တို့ သုံးယောက်ကို ဘုန်းကြီးက“ပုတ်မှောက်“အပြစ်ပေးလိုက်လို့လေ ပုတ် ဆိုတာ ကျနော်တို့ ရွာတွေမှာတော့ တောင်သူလယ်သမားများအိမ်မှာ နွားစာတို့ မျိုးစေ့ မျိုးဆံ အသီးအနှံတွေထည့်တဲ တနည်းပြောရရင် အချိန်တစ်ရာ လောက်အထိ ထည့်လိုရတဲ့ တောင်း အကြီးစားကြီးပေါ့ အဲဒီ တောင်းအကြီးစားကြီးနဲ့ ကျနော်တို့ သုံးယောက်စလုံးကို တစ်နာရီလောက် အပေါ်ကနေ အုပ်ထားတာ နောက်တစ်နေ့မှာတော့ ကျနော်တို့ သုံးယောက်သားမှာ လ္ဘက်ဖိုး ကွမ်းဖိုးမကုန်ပဲနဲ့ နာမည်တစ်လုံး ကင်မွန်းတက်ခံရပါလေရေ…ဘာတဲ့ .“ပုပ်မှောက်” တဲ့ ဗျာ ..ကိုင်း ကောင်းကြပါလေရော..။
သြော်…တစ်ချိန်တခါတုန်းက တစ်ရွားမှာ အတူတူနေခဲ့ကြရသလို ”ပုပ်” ဆိုတဲ့ တစ်လုံးထဲမှာလည်း တစ်နာရီလောက် အတူတူနေခဲ့ကြရတဲ့ အပြင် ပုပ် မှောက် ဆိုတဲ့ နာမည်တစ်လုံးထဲကိုပဲ မျှဝေခေါ်ဆိုခြင်း ခံခဲ့ကြရတဲ့ ကျနော်တို့ သုံးယောက်သားမှာ ခုတော့ဖြင့် တစ်ယောက်တစ်နေရာဆီဝေးကွာနေကြရပါပြီ…တစ်ကယ်ကိုတစ်နေရာဆီမှာပါ…တရားခံကောင်လို့ ကျနော်ခေါ်တဲ့ ဟန်စိန် ဆိုတဲ့ ကောင်က ကျနော်တို့ရွာရဲ့ မြောက်ဘက်ရွာသူနဲ့ အိမ်ထောင်ကျလို့ အဲဒီ မိန်းကလေးရဲ့ လက်ပံအေး အမည်ရှိတဲ့ ရွာမှာပဲ လုပ်ကိုင်စားသောက်နေထိုက်လျှက်ရှိပါတယ် ”မောင်ချော” ဆိုတဲ့ ကျနော့်သူငယ်ချင်း တစ်ယောက်ကတော့ဖြင့် ကျနော်တို့နဲ့ အဝေးဆုံးတစ်နေရာ ကျနော်တို့ တစ်တွေလည်း ဘယ်နေ့မှာ သွားရမယ်ဆိုတာ မသိပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ သွားရမယ့် မရဏဆိုတဲ့ သေရွာကို ပါ ဟုက်ပါတယ် ကျနော်တို့ ကျေးရွာက ကျနော့်ရဲ့ သူငယ်ချင်း မောင်ချောကတော့ သေရွာကိုစောစီးစွာရောက်သွားရှာပါပြီ…။
အရာအားလုံးတို့သည် စက္ကန့်မလပ် ရွေ့လျှားပြောင်းလဲနေကြလေသည် ။ကျနော်တို့ရဲ့ အသက်အရွယ်တွေဟာလည်း ကြီးရင့်မှု့ဆီကိုရွေ့လျှားပြောင်းလဲလာသလို ။ကျနော်တို့ ကျေးရွာသူ ကျေးရွာသားတွေရဲ့ စရိုက်တွေကတော့ဖြင့်ကောင်းတဲ့ ဖက်ဆီကို ဦးတည်လို့ ပြောင်းလဲလာခဲ့ချေပြီ ကျနော်တို့ ငယ်ငယ်က ထန်းရွက်မိုးအိမ်ငယ်လေးတွေ သုံးဆယ်ကျော်ကျော်သာရှိခဲ့တဲ့ သပြေပင်ရွာငယ်လေးဟာ အခုတော့ဖြင့် သွပ်မိုး အိမ်တွေအပါဝင် အိမ်ခြေ ငါးဆယ်ကျော်လောက်ရှိနေပါပြီ..ဟိုတုန်းကဆိုရင် တစ်ရွာလုံးမှာမှ စက်ဘီးစီးနိုင် ၀ယ်နိုင်တဲ့သူဆိုလို့ နှစ်ဦးသုံးဦးခန့်သာရှိခဲ့တဲ့ ကျနော်တို့ ရွာကလေးဟာ အခုဆိုရင်အိမ်တိုင်းနီးပါး ဆိုယ်ကယ်ကိုယ်စီရှိနေကြပါပြီ ပညာရေးဘက်မှာဆိုလည်း မူလတန်းကို (၄ တန်းကို ) ပြီးအောင်မနေခဲ့ကြရတဲ့ ကျနော်တို့ ရွာသူ ရွာသားတွေဟာ ယ္ခုခေတ် ကလေးတွေမှာတော့ မူလတန်းမှ အလယ်တန်း နဲ့ အထက်တန်းကျောင်းသားတွေ အထိ ကျောင်းတက်နေကြပါပြီ ။ ဘာသာရေးဘက်မှာဆိုလည်း ဘုန်းကြီးကျောင်းရှိရက်နဲ့ တလရှိလို့မှ တစ်ခါလောက်တောင်မှ ရဟန်း(ဘုန်းကြီး ) သာမဏေ (ကိုရင်)များကို မဖူးမြင် ဦးမတင်ခဲ့ကြသည့် ကျနော်တို့ ရွာသူ ရွာသားတွေ အခုတော့ဖြင့် ဘန့်ဘိုးရွာဦးကျောင်းမှာ ဦးကောသလ္လ ဆိုတဲ့ ဆရာတော်ရဲ့ ဆုံးမပဲပြင်မှုများရဲ့ အရိပ်အောက်မှာ ရိုကျိုးစွားရှိနေကြရသည့် အပြင် သူတို့ရဲ့သားငယ် သ္မီးငယ်လေးတွေမှာလည်း ယဉ်ကျေးမှုနဲ့ ဘာသာရေးစာပေပညာတွေကိုပါ သင်ယူနေကြရပါပြီ ယခု ဆရာတော်ဘုရားရဲ့ ကျေးဇူးတရားကြောင့် ကျနော်တို့ ကျေးရွာသူ ကျေးရွာသားများမှာ ဆွမ်းလှူရသော ကုသိုလ် ရေလှူရသော်ကုသိုလ် စတဲ့ ကောင်းမှုကုသိုလ် အလုပ်တွေကိုလည်း နေ့စဉ်နဲ့ အမျှ ပြုနေကြရပါတယ် ဆရာတော်ဘုရားရဲ့ သွန်သင်မှုအောက်မှာ ကြီးပြင်းလာခဲ့ကြတဲ့ တပည့်ကျောင်းသားကိုရင်ဆိုတာလည်း အတော်ပဲများပြားလာခဲ့ပါပြီ ဒီမျှမက ဆရာတော်က ကျနော်တို့ ဘန့်ဘိုး သပြေပင်မှ သူ့တပည့်များကို ရဟန်းမြတ် ရဟန်းတော်တွေ ဖြစ်အောင်ဆိုတဲ့ ဆန္ဒတော်နဲ့ သင့်ရာ အပ်ပို့ လိုက်လို့ ယ္ခုဆိုရင် ကျနော်တို့ သပြေပင်ရွာကကိုပဲ သာသနာ့ အာဇာနည်ရဟန်း ဦးဇင်းနှစ်ပါး
မန္တလေးမြို့မှာ ပညာသင်ကြားလျှက်ရှိနေပါတယ် မုံရွာမှာလည်း မှာလည်း ရှိပါသေးသည်။ အဲဒီလို ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဘုရား ဘာသာရေး တရားတွေ နဲ့ ကျနော်တို့ ကျေးရွာသူ ကျေးရွာသားများကို ယဉ်ကျေးသိမ်မေ့လာအောင် ဆုံးမ သွန်သင်မှုတွေ ပြုနေသလို အတန်းစာပေပညာကို ကျနော်တို့ ကျေးရွာမှ ကလေးသူငယ်များ အမှီပြုရမယ့် ဘန့်ဘိုးရွာက မူလတန်းကျောင်းတော်ကြီးဟာလည်းကျောင်းတက်ကျောင်းဆင်း ခေါင်းလောင်းသံတွေ တညံညံနဲ့ ပညာရင် နို့ချိုအေးကို တိုက်ကျွေးလို့ နေပါပြီ လှုမှုရေး စီးပွါးရေး ကျန်းမာရေး ပညာရေး ဆိုတဲ့ ကျနော်တို့ လှု့ဘောင်အတိုင်းဝိုင်းမှ လိုအပ်ချက်များ များစွာ ကျနော်တို့ ကျေးရွာသူ ကျေးရွသားများရဲ့ အတိတ်သမိုင်းကြောင်းဟာ မကောင်းခဲ့ကြပါဘူး ဒီတော့က မကောင်းခဲ့တာတွေကို သင်ခန်းစာယူပြီး နောင်လာမယ့် အနာဂတ်မှာ သမိုးလှလှတွင်ရစ်ခဲ့ကြဖို့ အတွက် ကျနော်တို့ ကျေးရွာသူ ကျေးရွာသားမျာှး ဇွဲ လုံ့လ ၀ီရိယ ထားကာ ၀ိုင်းဝန်း ကျိုးစားပြုပြင်ပြောင်းလဲသွားကြမယ်လို့ ရည်ရွယ်ချက်ပြုရင်း ကျနော့်ရဲ့ ”ရွာ”အလွမ်းစကို ဒီနေရာမှာ ခဏနားလိုက်ရပါတော့သည်….။
ကိုဇော်လွင် (RBB)

No comments:

Post a Comment

Note: Only a member of this blog may post a comment.