စာပြေး

သပြေပင်ကျေးရွာ စုစည်းရာမှ ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါသည်

Tuesday, February 12, 2013

ဘ၀နဲ့ ဇာတ်လမ်းတစ်ပုဒ်

နွေညမို့ပူအိုက်အိုက်ရှိလှသည် သပြေပင်ရွာကလေးတရွာလုံးတိတ်ဆိငြိမ်သက်နေသည် နေ့ခင်းမှာတနေကုန် တနေခန်းပင်ပမ်းဆင်းရဲစွာလုပ်ကိုင်ခဲ့ကြရသမျှညပိုင်းမှာစောစောစီးစီးအိပ်ယာဝင်ကာပင်းပမ်းမှုဒဏ်ကို ဖြေဖျောက်ကြရသည်။ ကျော်ခင် တယောက်တစ်ရေးနိုးလာရ်ျ အိပ်နောက်ဖေးမှာပေါ့ပေါက်သည် ညနေကသောက်လက်စ ဖတ်ဆေးတိုကိုယူပြီးမီးညှိဖွာရင်း အိမ်ရှေ့တမာပင်ခြေရင်းမှာထိုင်ကာ အတွေးနယ်ချဲ့နေမိသည် ပထမဦးဆုံးမန္တလေးမှာနေသောသားနှင့်သမီးကို သတိရမိသည်။ တကယ်တော့မိတဆိုးဖြစ်နေကြရှာတဲ့ သားနဲ့သမီးကို ကိုယ့်မျက်စိကွယ်ရာ မြို့ကြီးပြကြီးကိုမထားချင်ပါ တဖက်ကတွေးမိပြန်တော့လည်း ကိုယ့်တောမှာနေပူစက်ခါး အလုပ် လုပ်ရတာနှင့်စာလျှင်မြို့မှာက ကလေးတွေပင်ပင်ပမ်းပမ်းမလုပ်ရ ၊ သူတို့လိမ္မာသလိုသူတို့ဘ၀တိုးတက်ဖို့ရာအခွင့်လမ်းရှိသည် သားနဲ့သမီးကို ကိုယ့်လိုပဲနေ့စဉ်နှင့်အမျှပင်ပမ်းဆင်းရဲကြီးစွာလုပ်ကိုင်စားသောက်နေရသည့်ဘ၀ဖြင့် မကြည့်လို မမြင်ရက် ဒီအတွက်ကြောင့်ဘဲမြို့ကိုပို့ရခြင်းဖြစ်သည်။ တဆက်တည်းမှာပဲသွားလေသူ မအေးမြင့်နှင့်သူတို့ရဲ့ဘ၀စခဲ့ကြပုံတွေလည်း တစီတတန်းကြီးမြင်ယောင်မိပြန်သည်။ ကျော်ခင်နဲ့အေးမြင့်ဆိုတာ တရွာထဲနေတရေထဲသောက်ပြီးကြီးပြင်းခဲ့ကြရတဲ့ငယ်လင်ငယ်မယားတွေပေါ့ အချိန်တန်အရွယ်ရောက်ကြတော့ လူငယ်ဘ၀ မေတ္တာစွပ်ဖတ်ချစ်သက်ဝင်လာကြသည် ဒီတုန်းက ချစ်စိတ်ကမှိုင်းတိုက်လို့ရူးရူးမိုက်မိုက်နဲ့ ခိုးပြေးခဲ့ကြတယ်လေ။ နံက်မိုးလင်းလာရင်လူကြီးတွေအမြင်မှာတော့ ဘယ်လိုရှိမယ်မသိဘူး ကျော်ခင်နဲ့အေးမြင့်တို့ကတော့ တစ္ဆေမကြောက် မြွေမကြောက် ရွခေါင်းရင်းက လယ်ကွင်းပြင်ကြီးကိုနှင်းတွေ ရေတွေတရွှဲရွှဲကြားမှာဖြတ်လျှောက်ခါ ဓမ္မသာရဆိုတဲ့ကျော်ခင့် ဒွေးလေး(အန်တီ) ရှိတဲ့ရွာဆီကို ဦးတည်လို့လှမ်းခဲ့လိုက်ကြတာ။ သြော် ခုလိုပြန်တွေးမိပြန်တော့ကျော်ခင့်ရင်ထဲမှာ နွေးတေးတေးဖြစ်လာသည်…။ အစီခံထိရောက်နေသော ဆေးလိပ်တိုကိုမြေကြီးထဲထိုးခြေကာ ကျော်ခင်တယောက် သက်ပြင်းရှည်ကြီးချမိသည်။ နှုတ်မှာလည်း ”အေးမြင့်ရေ နင်ကတော့ဘယ်ဘ၀ရောက်နေ ရှာ တယ်မသိဘူး ငါ့မှာတော့ကလေးသုံးယောက်ရဲ့ဘ၀ရှေ့ရေးကိုတွေးမိလေးတိုင်းရင်မောတယ်ဟ“လို့ ရေရွတ်ရင်း…အိပ်ယာဝင်ခဲ့လေသည်….။
ကျော်ခင်နဲ့အေးမြင့်တို့ရဲ့ မင်္ဂလာပွဲလေးဟာ ချိုမ့်ချိုမ့်သဲအောင်မစည်ကားလှပေမဲ့ ကိုယ့်ရပ်ရွာဓလေ့အရတော့ သူဟာနဲ့သူအသွင်တင့်ခဲ့ပါတယ်။ ကန်တော့ခံနှစ်ဖက်မိဘများမှာ သားနှင့်သမီးတို့ကိုကြည့်ပြီး “ဒီလင်ဒီမယား အိုအောင် မင်းအောင်ပေါင်းနိုင်ကြပါစေ”ဆိုတဲ့ ဆုအပ ဘယ်ဖတ်မိဘတွေကမှသားနဲ့သမီးအတွက်ဆိုပြီး ဘာတဆင်စာ ဘယ်လောက်ဆိုတဲ့အပိုဆာလာတွေကိုမပေးနိုင်မကမ်းနိုင်ခဲ့ကြပါဘူး ဒါကတော့ဖြင့်ကျုပ်တို့ သပြေပင်ရဲ့ထုံးစံလို့တောင်ဆိုရမလိုဖြစ်နေပြီ။ တကယ်တော့သပြေပင်တရွာလုံးဟာ လက်လုပ်လက်စား ကူလီသမားတွေကြီးပဲဥစ္စာ။ ဒါကိုလည်း မညားခင်ကတည်းက ကျော်ခင်တို့အေးမြင့်တို့ကတွေးပြီးသားပါ ကိုယ့်လက်ကိုယ့်ခြေထောက်ပေါ်ကိုရပ်တည်ဖို့ဆိုတဲ့ ရည်ရွယ်ချက်စောစောစီးစီးပဲ တအိုးတအိမ်ထူထောင် လိုက်ကြတယ်။ တအိုးတအိမ်ဆိုတာလည်းကျုပ်တို့သပြေပင်မှာ အကုန်အကျ အင်မတန်မှသက်သာပါတယ်။ ဒီလူနဲ့ ဒီလူအိမ်ထောင်ခွဲတော့မယ်ဆိုတာနဲ့ ရွာထဲကဆွေမျိုးနီးစပ်သူရော မနီးစပ်သူများတွေကပါ အိုးလေးတစ်လုံး သောက်ရေခွက်ကစ ဇွန်းလေးစချောင်းစသဖြင့် အိမ်ထောင့်အသုံးအဆောင်ပစ္စည်း ပစ္စရာများကို ပေးကြကမ်းကြလေ့ရှိပါတယ်။ နောက်ပြီး အိမ်ဆောက်ရာမှာဆိုလည်း တက်သစ်စအိပ်ထောင်ခွဲ များအဖို့တော့ ရပ်ထဲရွာထဲက အကူအညီနဲ့တင်နေဖြစ်ရုံ အိမ်တလုံးကတော့ပြီးတယ် ။ ယခုကျော်ခင်နှင့်အေးမြင့်တို့လည်း အိမ်ထောင်ကျပြီဆိုတာနှင့်တပြိုင်တည်း နှစ်ဖက်မိဘများထံခိုကပ်မနေကြ တော့ပါ တအိုးတအိမ်တည်ဆောက်လို့ ဘ၀ခရီးလမ်းကိုနှစ်ကိုယ်တွပြီးလျှောက်လှမ်းကြသည်….။ တောသူတောင်သား များပိပိ နေပူမရှောင်မိုးရွာမရှောင်နဲ့ ဘ၀ဆိုတဲ့ တိုက်ပွဲ အတူနွှဲခဲ့ကြသည် ကျော်ခင်တို့ဘ၀ခရီးအစမှာသာယာလှပါသည် ကျော်ခင်ဆိုတာကလည်းအလုပ်ကိုကြိုးကြိုးစားစားနှင့်လုပ်သည် ကျော်ခင်အလုပ်ကြိုးစားသလို မယားဖြစ်သူအေးမြင့်ကလည်း အလုပ်လည်း လုပ်သလို စီးသည့်ရေ ဆည်သည့်ကသင်း ဆိုသည့်အတိုင်း အစစရာရာမှာမလစ်ဟင်းရလေအောင်စွမ်းဆောင်ခဲ့သည်။
တောအလုပ်မှန်သမျှ ကျော်ခင် မလုပ်တက်တာ မရှိ မလုပ်ဖူးဘူးဆိုတာလည်း မရှိ ရိုးသားမှန်ကန်စွာဖြင့် ငွေရမည့် အလုပ်မှန်သမျှ ကျော်ခင်က အကုန်လုပ်သည် ။ ဒါအပြင် လူမစွမ်း“နတ်မ“ ဟုဆိုရလေမလား အတော် အတန့်ပျက်စီး (ချွတ်ယွင်း)နေသော ရေဒီယို ကက်ဆက် လေးများဆိုလည်း ပြတက် ပြုတက်ဖြစ်လို့ ၀င်ငွေ အပိုလေး များရတက်သည် ဘယ်မိဘထံမှ အရင်းနှီး အထုပ်အထည်များ မပေးလိုက်ကြပါပဲနှင့် ယခုဆိုလျှင် ကြက်ကလေး ၀က်ကလေး မှသည် နွားကလေးများပင် ၀ယ်မွေးထားနိုင်လေပြီ ။ ကြိုးပမ်းလုပ်ဆောင်မှုကြောင့် မွေးမြူရေးဘက်မှ တရိစ္ဆာန်(အကောင်ပလောင်) လေးတွေ ပိုလာသလို စားမယ့် ၀ါးမယ့် ပါးစပ်ပေါက်တွေလည်း တိုးလာလိုက်တာ “ဟော “ ခုဆို သားသမီး သုံးယောက်မြောက် ။ သားသမီးတွေ မရခင်တုန်းကအလုပ်တွေ ကြိုးစားလုပ်ရသလို သားသမီးတွေ ရလာပြန်တော့လည်း ကျော်ခင်တို့ အရင်ကထက် အလုပ်ပိုလုပ်ရပြန်သည်။ ကျော်ခင်တို့က အလုပ် လုပ်ရလို့ ပင်ပမ်း သည်ဟု ဘယ်တုန်းကမှ မငြီးမငြူခဲ့ ငွေကိုဘယ်လိုပိုရ ရအောင် ဘယ်လိုလုပ်ရမည်ဆိုတာကိုဘဲ စိတ်ကူးနေသည်။ သူ့မှာ စိတ်ကူးတစ်ခု ရှိသည် ဒီအတိုင်းနဲ့သာဆို သူ့ စိတ်ကူးကိုအကောင်ထည်ဖော်ဖို့ လမ်းမမြင် ကျော်ခင်မှာ အားနည်းချက်ကလေးတစ်ခုရှိပါသည်။ ဒါက ဘာလဲဆိုတော့ ငယ်ငယ်က ဆေးထိုးမှားခဲ့သဖြင့် ခြေတစ်ဖက်မှာ ဆင်ခြေထောက်ရောဂါ ဖြစ်ခဲ့ရသည်။ ဒီခြေတစ်ဖက် ဆင်ခြေထောက် ကြောင့်ပဲ အေးမြင့် မိဘတွ သဘေမတူမှာကိုစိုးရိမ်ကဲပြီး အေးမြင့် ကို ခိုးယူခဲ့ခြင်းဖြစ်သည်။ ဒီခြေထောက်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကို အားငယ်သိမ်ငယ်စိတ်တွေ ဖြစ်ခဲ့ဖူးသည်။ ခုတော့ ကျော်ခင်တစ်ယောက် ငယ်ငယ်ကလို ကိုယ့်ခြေထောက်ကိုကြည့်ပြီး ငယ်းငယ်စတ်တွေ သိမ်ငယ်စိတ်တွေမဖြစ်တော့ပါ ရှိနေလို့လည်း မဖြစ်တော့ သားသမီးတွေ အတွက်က ပိုအရေးကြီးနေပြီမဟုက်ပါလား….ဒီတော့ သူရည်မှန်းထားသလို သားနှစ်ယောက်ကို ရှင်ပြုနိုင်ဖို့ အရေး အတွက် စက်ဘီးကလေးတဂျောက်ဂျောက် တဂျက်ဂျက် စီးကာ အနီးအပါးမှ ရွာများသို့ လှည့်လည်ကာ ၀က်ကလေး နွားကလေးများကိုရောင်း ၀ယ် လဲ ထပ် အလုပ်တစ်ခုကို ပိုလုပ်လာသည်။
ဒီလုပ်ငန်းကလေးက ကျော်ခင်အတွက် အကျိုးမြတ်များသည်။ ဒီအကျိုးမြတ်ကလေးများ တွက်ချက်မိလေတိုင်း ချိမ့်ချိမ့် သဲသဲ နဲ့ အလှူမဏ္ဍပ်ကြီး နောက် မြင်းကြီးပေါ်မှာ မောင်ရှင်လောင်း အဆင်းတန်ဆာနဲ့ အင်မတန်လှနေရှာတဲ့သားနှစ်ယောက် မော်တပြုံးပြုံးနဲ့ အလှူ့တကာမ အမိတွေအဖတွေ ဆွေမျိုးတွေ၊ အိုး…အားလုံးကိုယ်စီရဲ့ကြည်နူးမှုအပြုံးပီတိတွေ ရိုက်လိုက်ရတဲ့ဓါတ်ပုံတွေကလည်း တဖျပ်ဖျပ်နဲ့ပါဘဲ “ကျော်ခင်” ဘာတုန်းဟ အလန့်တကြားနဲ့“ ရော့ကလေးခဏခေါ်စမ်း” နို့ညှာကောင်ကိုခါးထစ်ခွ ချီလာရင်းမှ ကျော်ခင်ထံပေးပြီး ထမီကိုပြင်ဝတ်ကာ ရေအိုးစင်ထောင့်မှဆေးလိပ်တလိပ်ကိုယူရင်း အကြီးကောင်ဌေးအောင် ကို သူ့အမေကြီး(အဘွား)ထံ မီးခြစ်သွားအတောင်းခိုင်းလိုက်သည်။ မီးခြစ်ရှမတွေ့ရ်ျဆိုကာ မီးစ တန်းလန်းနှင့်ထင်းချောင်းကိုယူလာသော သားအကြီးကောင်ဌေးအောင်ထံမှမီးစကိုယူကာ ဆေးလိပ်ကိုမီး ညှိလိုက်သည် နောက်ထင်းချောင်းမှမီးစကို တံတွေးနှင့် တဖီးဖီးမှုတ်ရ်ျမီးငြိမ်သည်။ ထင်းစမှမီးငြိမ်ပြီဆိုမှ အေးမြင့်ဆေးလိပ်ကိုအားရပါးရဖွာရင်း ကျော်ခင်ကိုလှမ်းကြည့်နေသည် ။ ကျော်ခင်ကတော့ သားငယ်ကို ပခုံးမှာထမ်းရ်ျ အိပ်တံစက်မြိတ်အောက်လမ်းလျှောက်ရင်း စောစောက သားတွေကို“ရှင်ပြုနေတဲ့အတွေးကို အစရှာကာပြန်တွေးနေမိသည်။ ခုတလော အေးမြင့်တစ်ယောက် အစားအသောက် နည်းလာသည် ။ ပါးစပ်က စားချင်စိတ်ရှိသော်လည်း ၀မ်းထဲက လက်မခံ၊ တစ်ခါတခါ ဗိုက်ထဲကလည်း အောင့်တောင့်တောင့် ဖြစ်ဖြစ်နေသည်။ ဒါ ရိုးရိုးတော့ ဟုက်ဟန်မတူ အစာအိမ်ရောဂါဖြစ်နေပြီလို့တော့ ထင်သည်။ ဒါပေမယ့် ယောင်္ကျာဖြစ်သူကို အေးမြင့် ဖွင့်မပြောချင် ကိုယ့်ကိုယ်ကို အကဲခတ်စောင့်ကြည့်နေသည်။ ဗိုက်အောင့် သည့်လက္ခဏာကနေ တစ်နေ့တခြား ပိုမိုဆိုးလာသည် ၊မဖြစ်တော့ ကျော်ခင့်ကို ပြောပြရတော့မည်။ “ကျော်ခင်“ ဘာတုန်း “ဘာတုန်းမလုပ်နဲ့ ဒီနားခဏလာဦး ဒီမယ် ငါ့ဗိုက်ကိုစမ်းကြည့်စမ်း အလုံးကြီးရှိနေသဟဲ့ နောက်ပြီး ခုရက်ပိုင်း တွေမှာ အစားတွေလည်းပျက်ပျက်နေတယ် အဲဒါ ငါဘာလုပ်ရမလဲမသိလို့ နင့်ကိုတိုင်ပင်တာ။
ဒီအချက်ကို ကျော်ခင် ခုမှ သတိထားမိသည် ၊ ခုတလော အေးမြင့် ထမင်း အစားနည်းတာကို ဟင်းမကောင်းလို့ တာပဲထင်ခဲ့မိသည် ခုတိုင်း မဖြစ်တော့ မောင်ချော ကို ခေါ်ပြီး ဆရာဝန်ပင့်ခိုင်းသည် ။ ဆရာဝန်ရောက်လာသော အခါ စမ်းသပ်မှုပြု့လုပ်ပြီး လိုအပ်သော ဆေးဝါးများကို ထိုးလည်းထိုး စားဆေးပေးလည်းပေးခဲ့သည် ။နောက်ပြီး အကြံပြုချက်လည်းပေးသွားသေးသည် ဘာလည်းဆိုတော့ မန္တလေးဆေးရုံကြီးသွားပြီး စစ်ဆေးမှုပြုလုပ်မှသာလျှင် စစ်မှန်သော ရောဂါ အနေထားကို သိမည်ဟုဆိုသည်။
ဝေဒနာကလည်း တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာသည် ၊ ဖြစ်နိုင်လျှင် ကိုယ့် တောမှာပဲ ဒီရောဂါကို ကုသချင်သည်။ ရောဂါမွေးထားသလို ဖြစ်နေလိမ့်မယ် ၊ မန္တလေးကိုးကုလိုက် ဟု ယောက္ခမကြီး ၏အကြံပေစကား။ ကျော်ခင်ကလည်း သွားတာကုလိုက်ပါ အေးမြင့်ရယ် ၊ တစ်ခြား ဘာမှထည့်တွက်စဉ်းစားမနေနဲ့ ခုလိုရောဂါမျိုးဟာ ဆေးဝါး ပစ္စည်း ပစ္စယ မစုံလင်ငေသာ တောအရပ်မှာ ဘယ်နည်းနှင့်မှ ကုသလို့ မရနိုင်တာ ။ ထိုကြောင့် ပတ်ဝန်းကျင် ဆွေမျိုးတွေရဲ့ အတန်တန်တိုက်တွန်းမှုကြောင့် အေးမြင့် တစ်ယောက် မန္တလေးမြို့ သို့ ဆေးကုခံယူရန် တက်ခဲ့ရလေသည် ။ အေးမြင့် ထင်သည့် အတိုင်းပင် ဆေးရုံကြီးရောက်တော့ လိုအပ်သော စမ်းသပ်မှုများပြုလုပ်၊ လိုအပ်သော ဆေးဝါးဓာတ်စာကလေးများ ၀ယ်ရုံဖြင့် ရွာမှ ပါလာသော ငွေအသပြာဟာ ပြောင်သလင်းခါအောင် ကုန်စင်လို့ သွားကြလေပြီ ။ ရောဂါက ခွဲစိတ်ကုသရမည်ဖြစ်လို့ လိုအပ်သော ငွေကို နီးစပ်ရာ ဆွေမျိုးများထံ ချေးခဲ့လေသည်။ခွဲစိတ်ကုသပြီါ်လို့ ချုပ်ရိုးဖြည်ပြီးချိန်မှာတော့ ဆေးခန်းတွင် နှစ်ပတ်နီးပါးရှိခဲ့လေပြီ ၊ ငွေတွေလည်း အတော်များများကုန်ခဲ့လေပြီ ။ ရွာပြန်ရောက်တော့ ကျော်ခင် ကို အကျိုးအကြောင်းပြောပြီး ချေးငှါးလာသောငွေကို အိမ်တွင်းရှိသောနွားလေးကိုရောင်းချလို့ ဆပ်သည်။ အေးမြင့်ကတော့ အလုပ်ကို အရင်လိုမလုပ်နိုင်တော့။ ကျော်ခင်ကတော့ ဇွဲလုံ့လမလျှော့ပါ ဖြစ်လာသော လောကဓံကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်ဖြေရှင်းလျှက်၊ မိန်းမဖြစ်သူ အေးမြင့်ကိုလည်း အားပေးစကားပြောကာ မိသားစုအတွက် ကျိုးစားရုန်းကန်ရှာလေသည် ။ရက်လနှစ်တွေ ပြောင်းလာပေမယ့် အေးမြင့်ရဲ့ ကျန်းမာရေးကတော့ ကောင်းမလာသည့်ပြင် ပိုလို့သာဆိုးလာချေသည်။ အစားအသောက်လည်း မစားနိုင်လို့ တရှောင်ရှောင်နှင့် နောက်ဆုံး အိပ်ယာတွင် ဖုံးဖုံးလဲကာ ခေခါနီးအခြေနေထိရောက်လို့လာလျှက်ရှိသည်။ မြို့တွင်နေသော သားနှင့် သမီးကိုခေါ်ကာ ပြန်ရောက်လာသောအခါ အေးမြင့်တစ်ယောက် အသက်ရှုံးရရှာတော့သည် မသေခင်လေးမှာလည်း ကိုကျော်ခင်ကို အမှာစကားပြောသွားသေးသည် ငါ့တို့သားလေးတွေကို ရှင်ပြုဖြစ်အောင် ပြုပေးပါ ငါရောက်ရာဘ၀မှ သာဓုခေါ်ချင်လို့ပါတဲ့လေ ပြောပြီးလို့ မကြာခင်အချိန်လေးမှာပဲ အေးမြင့်တစ်ယောက်
မရဏ ဆိုတဲ့ သေလမ်းကို သွားရရှာတော့သည်။ အေးမြင့် သေဆုံးသောအခါ ကျော်ခင်ရဲ့ ၀မ်းနည်းကြေကွဲခြင်းရဲ့ ခံစားမှုကိုပြောမပြတက်လောက်အောင် ဖြစ်ခဲ့ပေမယ့် သားသမီးသုံးယောက်ရဲ့ ရှေ့ရေးကိုတွေးကာ အားမာန်တင်းလို့ ဘ၀တိုက်ပွဲကိုဆင်နွဲလျှက်ရှိသည်။ သားကြီးနှင့် သမီးကိုလည်း မြို့မှာ ပြန်နေစေပြီး သားအငယ်ဆုံးကိုလည်း အဖိုးနဲ့ အဖွါးတို့ရဲ့ အိမ်တွင် ထားကာ အလုပ်ကိုနေ့ရောညပါ ကြိုးစားကာရှာလေသည် ။ မြို့မှသားနဲ့သမီးထံမှ ပို့သောငွေလေးများရယ် သူစုမိဆောင်းမိထားတဲ့ငွေလေးများနှင့်ပေါင်းကာ နွားလေး ၀က်လေးများကို အရောင်း အ၀ယ် ပြန်လုပ်လာနိုင်ပါသည်။ အတန်အသင့် ငွေပိုငွေလျှံကလေးများရလာသည်။ ငွေလုံးငွေရင်းကလေးနှင့် အလုပ်ကိုင်အဆင်ပြောလာသောအခါ ကျော်ခင့်စိတ်ကူးတွင် မြို့မှ သားနှင့် သမီးကို ပြန်ခေါ်ပြီး မိသားတစ်စု တစည်း ထဲ ကိုယ့်တောမှာပဲ ပင် လုပ်ကိုင်စားသောက်နေထိုင်မည် ။ သားနှစ်ယောက်ကိုလည်းရှင်ပြုပေးမည် သို့သော် ကျော်ခင် ရည်မှန်းထားသလို ဖြစ်မလာတော့ ပေ ။ဘာကြောင့်လည်းဆိုတော့ ခုတလေကျန်းမာရေးက ခြူချာလာသည်။ အလုပ်ပင်ပမ်းမှုဒဏ်ကြောင့်ပေပဲလား သားသမီးများအတွက် စိတ်ပင်ပမ်းမှုရှိနေလို့ ပေပဲလား ဟုမဆိုတက်။ မစားနိုင် မသောက်နိုင် တရှောင်ရှောင်နဲ့ လူကလည်းပန်ခြုံးလို့ နေလေသည်။ ရွာမှ ဆေးဆရာများနှင့်တော့ ကုသလျှက်ရှိသည်။ ညီကိုမောင်နှစ်မတွေနဲ့ မိဘများကတော့ မြို့ကိုသွားပြီး ကုသစေချင်သည် ။ ကျော်ခင်ကတော့ လက်မခံ ရှိစာမဲ့စုလေးကုန်သွားမှာလည်းစိုးရိမ်ပုံရသည် ။ ဒါလေးတွေကုန်သွားလျှင် သားသမီးများ အတွက် သူ့ရည်မှန်းချက်ကလေးတွေ ပျက်မြားသွားမည်။ နောက်ပြီး အေျးြွင့်သေဆုံးသွားပြီး ကတည်းက မြို့က ဆေးရုံ ဆေးခန်းတွေကိုလည်း သူ အထင်မကြီးတော့ ။ ဒါကြောင့် သူ့ရောဂါ မပျောက်လျှင်နေပါစေ သူစုစောင်းထားသမျှလေးတွေကိုတော့ သားသမီးများ အတွက်ဖြစ်စေချင်ခဲ့သည်။ ကျော်ခင် ၏ မိဘတွေမျိုးများမှာလည်း သားသမီးများအတက်ငဲ့ကွက်ပြီး မြို့တက်ဆေးကုဖို့ရာ ကိုငြင်းဆန်နေသော ကျော်ခင်ကို ဂရုဏာ သ်လို့သာ နေကြရလေတော့သည်။ ကျော်ခင်လည်း သူ့ အခြေနေကိုသံလာပုံရသည် မြို့မှာနေတဲ့ သားနှင့် သမီးကို ပြန်လည်ခေါ်ခိုင်းပြီး အမျိုးများထံသို့ သားသမီးများအား ဂရုစိုက်ဖို့ အတန်တန် မှာကြားနေရလေပြီ ။ ကျော်ခင် အခြေနေကိုကြားသိကြသော မြို့မှာ ပညာတော်သင် နေရှာတဲ့ ဦးဇင်းလေးနှစ်ပါးမှာလည်း ရွာသို့ ကြွလာကာ ဦးရီးတော်အား ဘ၀ကူးကောင်းရန် သံဃာတော်များပင့်ဖိတ်ပြီး ဦးရီးတော် အိမ်တွင် သင်္ကန်း ကပ် ကောင်းမှုကုသိုလ်ကို ပြုလုပ်ပြီး ဦးရီးတော် ဦးကျော်ခင် ကိုလည်း တရားနာယူ ရေစက်ချ အမျှပေး ဝေမှုကို ပြုလုပ်စေသည်။ နောက်တစ်နေ့မှာတော့ သားသမီးတွေကို ချစ်လှစွာသော ကိုကျော်ခင် တစ်ယောက် မိဘဆွေမျိုးများကို ခွဲခွါကာ ဘ၀တစ်ပါးသို့ ပြောင်းသွားရှာလေတော့သည်။
ကိုကျော်ခင်တစ်ယောက် ရောက်ရာဘုံဘ၀ကနေ သားသမီးတွေရဲ့ သံယောဇဉ်တွေနဲ့ ငြိတွယ်နေလေဦးမလား ။သို့တည်းမဟုက် သေခါနီး ဇော်ကပ်ချိန်တွင် ကိလေသာ အနှောင်အဖွဲ့တွေကို အမြစ်ဖြတ်ခဲ့လေသလားဆိုတာတော့ ဘုရားသခင်မှ တစ်ပါး အခြားမည်သူမျှ သိနိုင်လိမ့်မည် မဟုက်ပေ
ကိုကျော်ခင်တစ်ယောက် ကောင်းရာသုဂတိ သို့ ရောက်နိုင်ပါစေ…….လို့ ဆုတောင်းမေတ္တာပို့သရင်း……………..ကျော်ခင်နဲ့ အေးမြင့်တို့ ဇာတ်လမ်းကလေးကို မှတ်တမ်းလေးထဲမှာပဲ
သိမ်းထားခွင့်ပြုပါတော့…………..။
ရေးစပ်သူ ။ ။ ကိုဇော်လွင် (R .B.B)ဆေးကုမ္မဏီ မန္တလေး ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.